ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအနေဖြင့် ပြည်သူများ နစ်နာမှုမရှိစေရန် အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအနေဖြင့် ပြည်သူများ နစ်နာမှုမရှိစေရန် အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်
Published 22 February 2016

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအနေဖြင့် ပြည်သူများ နစ်နာမှုမရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဟု တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် လျာထားခံရသည့် ဦးဆန်းမြင့်က ပြောကြားသည်။ဦးဆန်းမြင့်က “ပြည်သူတွေက ဥပဒေပါ အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုတွေရှိနေခဲ့ရင် ကျွန်တော်တို့ ကော်မတီကို တိုင်ကြမှာပဲ။ တိုင်လာတဲ့ တိုင်ကြားစာတွေကို မှန်မမှန်တော့ သုံးသပ်ရမှာပေါ့။ ပြဿနာတွေကတော့ မျိုးစုံရှိမှာပေါ့။ လယ်ယာမြေပြဿ နာ၊ တရားရုံးပိုင်းဆိုင်ရာ ပြဿနာစသည်ဖြင့်ပေါ့။ ပြည်သူတွေ နစ်နာမှုမရှိရအောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာပါ။သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းမယ်။ ကူညီမှုတွေ လုပ်ဆောင်သွားမယ်”ဟု ပြောကြားသည်။ယခင်လွှတ်တော် သက်တမ်းတွင် ကျန်ရှိနေခဲ့သည့် တိုင်ကြားစာများတွင် ဆက်လက် ဆောင်ရွက်သင့်သည့် တိုင်ကြားစာများအား ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌအဖြစ် လျာထားခံရသည့် ဦးဆန်းမြင့်က ပြောကြားသည်။

Most Read

Most Recent