ဘားအံမြို့ ရှုခင်းနှင့် နေဝင်ဆည်းဆာအလှ ကြည့်ရှုအပန်းဖြေနိုင်ရန် ကြာအင်းတောင်ပေါ်၌ VIEW POINT အကောင်အထည်ဖော်မည်ဟု တောင်ကလေးဆရာတော် မိန့်ကြား

ဘားအံမြို့ ရှုခင်းနှင့် နေဝင်ဆည်းဆာအလှ ကြည့်ရှုအပန်းဖြေနိုင်ရန် ကြာအင်းတောင်ပေါ်၌ VIEW POINT အကောင်အထည်ဖော်မည်ဟု တောင်ကလေးဆရာတော် မိန့်ကြား
Published 17 February 2016
စိုးစိုး (ဘားအံ)

ဘားအံမြို့ရှုခင်းနှင့် နေဝင်ဆည်းဆာအလှ ကြည့်ရှုခံစား အပန်းဖြေနိုင်ရန် ဘားအံမြို့ အရှေ့မြောက် ဇွဲကပင်တောင်တန်းနှင့် တစ်ဆက်တစ်စပ်တည်း ရှိသော ကြာတင်း (ခုနစ်ဆူ)တောင်ပေါ်၌ VIEW POINT နေရာတစ်ခုကို ၂၀၁၆ ခုနှစ်အတွင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း တောင်ကလေးဆရာတော် ဘဒ္ဒန္တဒေါက်တာ အရှင်ပညာသာမိ (တောမှီရဟန်း) က မိန့်ကြားသည်။ကရင်ပြည်နယ်ဒေသသည် တောတောင်၊ မြစ်ချောင်းများ သဘာဝအတိုင်း တည်ရှိသည့် အနေအထားတွင်ရှိပြီး ငြိမ်းချမ်းတည်ငြိမ်မှု ရှိလာသည့်အလျောက် ပြည်တွင်း ပြည်ပခရီးသွားများ ဝင်ရောက်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။ထို့ပြင် ကရင်ပြည်နယ်၏ မြို့နယ်တစ်ခုဖြစ်သော သံတောင်ကြီးဒေသတွင် ပထမဦးဆုံးအဖြစ်  စရိတ်နည်း တည်းခိုဆောင် (BED & BREAKFAST PROGRAMME-B&B) အစီအစဉ် အကောင်အထည်ဖော် ဆောင်နိုင်ခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။“ကရင်ပြည်နယ်ဒေသမှာ ကျုံထော် ရေတံခွန်ခရီးစဉ်သစ်က ဒီဘက်နှစ်မှာ အတော်လေး ဆွဲဆောင်လာနိုင်တာ တွေ့ရတယ်။ ကံျုထော်ရေတံခွန်ခရီးစဉ်မှာ နေ့စဉ်လိုလို ဘုရားဖူးကားတွေ ၁၀ စီးနဲ့အထက် ဝင်ရောက်လာတာ ဂုဏ်ယူဝမ်းသာဖို့ ကောင်းပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ ရိုးရာ ဒုံးယိမ်းအက၊ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင်မှုတွေနဲ့ ဆွဲဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ အခု VIEW POINT တွေလို ကြည်နူးခံစား အပန်းဖြေနိုင်ဖို့ နေရာများများရှိလာရင် ဒေသဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူပြုလာမှာ ဖြစ်တယ်”ဟု ဒေသခံ ကရင်တိုင်းရင်းသား စောဝင်းကျော်ကျော်က ပြောကြားသည်။ကရင်ပြည်နယ်အတွင်း အေဒီ ခုနစ်ရာစု ဂူတွင်းလက်ရာများ ယနေ့တိုင် ကျန်ရှိနေသည့် ကမ္ဘာကျော် ကော့ဂွန်းဂူ၊ ဆန္ဒန်ဂူ၊ ရသေ့ပျံဂူ၊ ကျောက်ကလပ်၊ ဇွဲကပင်တောင်၊ ဘုရင့်ညီဂူ၊ ကော့ကသောင်ဂူ၊ ကျုံထော် ရေတံခွန်တို့မှာ ပြည်တွင်းပြည်ပ ခရီးသွားများအား ဆွဲဆောင်မှုရှိနေကာ ကမ္ဘာလှည့်ခရီးသွားများ သွားလာမှုဧရိယာ တိုးချဲ့လာနိုင်ပါက နိုင်ငံခြားသားခရီးသွားမှု ပိုမိုမြင့်တက်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။“ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ သံလွင်မြစ်ကို ဆန်တက်ပြီး နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားလိုတယ်။ ပြီးတော့ ဇွဲကပင်တောင်တက် ခရီးစဉ်ကို စိတ်ဝင်စားတယ်။ အေးချမ်းငြိမ်သက်ပြီး သဘာဝအတိုင်း တည်ရှိတဲ့ တောတောင်၊ စိမ့်စမ်း၊ ရေတံခွန်တွေမှာ အပန်းဖြေလိုတယ်။ ဒီအတွက် ဆရာတော်ဘုရားစီစဉ်မယ့် VIEW POINT အစီအစဉ်တွေ များများရှိလာဖို့ လိုအပ်တယ်”ဟု ကရင်တိုင်းရင်းသားဓလေ့ရိုးရာ ယဉ်ကျေးမှုကို လေ့လာပြုစုနေသူ ဦးဆန်းမိုးအောင်က ဆိုသည်။ 

Most Read

Most Recent