ဗဟန်းမြို့နယ်ရှိ LG အရောင်းပြခန်းမှ ဒေါ်လာ ၄၀၀၀ ကျော်နှင့် ကျပ်သိန်း ၅၀ ကျော် ခိုးယူခံရမှု ဖြစ်ပွား

ဗဟန်းမြို့နယ်ရှိ LG အရောင်းပြခန်းမှ ဒေါ်လာ ၄၀၀၀ ကျော်နှင့် ကျပ်သိန်း ၅၀ ကျော် ခိုးယူခံရမှု ဖြစ်ပွား
Published 16 February 2016
သီဟအောင်

ဗဟန်းမြို့နယ်ရှိ LG အရောင်းပြခန်းမှ ဒေါ်လာ ၄၀၀၀ ကျော်နှင့် မြန်မာငွေကျပ် သိန်း ၅၀ ကျော် ခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း ဗဟန်းမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီ ကျော်ခန့်က ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက် ကမ္ဘာအေးဘုရားလမ်းနှင့် သာသနာ့ရိပ်သာလမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် LG Service Center သို့ ၎င်းဆိုင် မန်နေဂျာရောက်ရှိစဉ် ဆိုင်၏ပစ္စည်းလက်ခံသည့် ရုံးခန်းမှ တာဝန်ခံ မမြတ်ဖြိုးဖြိုးခိုင်မှ ၎င်း၏ရုံးခန်းအဝင်တွင် တံခါးပွင့်နေကြောင်း ပြောသဖြင့် ရုံးခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုခဲ့ပြီး Show Room အတွင်းရှိ အခြားရုံးခန်းများကိုလည်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့စစ်ဆေးရာ နိုင်ငံခြားသားထိုင်သည့် ရုံးခန်းအံဆွဲအတွင်းမှ အမေရိကန် ဒေါ်လာ ၄၃၄၅၊ မြန်မာငွေကျပ် ၁၁၅၀၀၀၀၊LG Show Room အောက်ထပ်ကောင်တာ စားပွဲအံဆွဲအတွင်းမှ မြန်မာငွေကျပ် ၂၅၀၀၀၀၊ Inax Show Room ကောင်တာ အံဆွဲအတွင်းမှ မြန်မာငွေကျပ် ၄၃၂၇၀၀၀၊ Show Room များအတွင်းမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃၄၅ နှင့် မြန်မာငွေ သိန်း ၅၇၂၇၀၀၀ ကျပ်တို့ ခိုးယူခံခဲ့ရကြောင်း သိရသည်။ထိုသို့ ပျောက်ဆုံးခဲ့သဖြင့် LG Service Center မန်နေဂျာ ဦးစောဝင်းမှ ဗဟန်း မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။“ဒီခိုးယူမှုဖြစ်စဉ်မှာ ကျူးလွန်သွားတဲ့သူကို အမြန်ဆုံး ဖမ်းဆီးရမိအောင် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ထို့ကြောင့် ခိုးယူသွားသူအား ဗဟန်းမြို့မရဲစခန်းမှ (ပ) ၅၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                  

Most Read

Most Recent