ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့မှုကြောင့် တကသကျောင်းသားသုံးဦးကို ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ထားပြီး ဖေဖော်ဝါရီ ၁၆ရက်တွင် အမှုလာရောက် ရင်ဆိုင်ရန် ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့သည်ဟု တရားစွဲခံရသူ တကသကျောင်းသား ကိုရဲဇာနည်ထွန်းက ပြောကြားသည်။၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်ထဲမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးဆန္ဒပြမှုကြောင့် တကသကျောင်းသားသုံးဦးဖြစ်သည့် ကိုရဲဇာနည်ထွန်း၊ ကိုမင်းသုခနှင့် ကိုပိုင်ဖြိုးမင်းတို့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျောက်တံတားမြို့မရဲစခန်းနှင့် ပန်းဘဲတန်းမြို့မရဲစခန်းတို့က အမှုလာရောက်ရင်ဆိုင်ရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ကိုရဲဇာနည်ထွန်းက ပြောကြားသည်။“ဖမ်းဆီးထားတဲ့ အခြားတကသကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်းတို့နဲ့ ကျွန်တော်တို့ကို အတူတူ ရုံးထုတ်မယ်ထင်တယ်။မနေ့ကတော့ ကျောက်တံတားတရားရုံးကိုလာဖို့ ရဲစခန်းက အကြောင်းကြားသွားတယ်။ကျောက်တံတားရော၊ ပန်းဘဲတန်းရော နှစ်ရုံးလုံး စစ်ဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပုဒ်မ ၁၈ ကို အယုံအကြည်မရှိလို့ သွားပြီး တရားမရင်ဆိုင်ဘူး။ ဖမ်းချင်ရင် လာဖမ်းလို့ ပြောထားတယ်”ဟု ၎င်းက ပြောကြားသည်။ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်သည့် ကိုမင်းသုခကိုလည်း ယင်းအမှုဖြင့်ပင် တရားစွဲထားပြီး တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ထားသည်။ကိုမင်းသုခက “မနက်ဖြန်တရားရုံးနှစ်ရုံးမှာ သွားရင်ဆိုင်ရမယ့် သဘောပဲ။ကျွန်တော်ကတော့ တရားရင်ဆိုင်သွားမှာပါ။ တရားရင်ဆိုင်ပြီးတော့ ပုဒ်မ ၁၈ ကို အယုံအကြည်မရှိကြောင်းနဲ့ ငြိမ်းစုစီဥပဒေရဲ့ အားနည်းချက်ကို တရားသူကြီးကို ပြောသွားပါ့မယ်”ဟုပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် တကသ ကျောင်းသားသုံးဦးကို ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ထားပြီး အမှုလာရောက် ရင်ဆိုင်ရန် ရဲတပ်ဖွဲ့က အကြောင်းကြား















