ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများများလာမှုသည် အလုပ်သင် (Internship) အလုပ်အကိုင် အခွင့်အလမ်းများ များလာမည်ဟု ခန့်မှန်းကြောင်း Work.com.mm အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် လူငယ်များအတွက် အချိန်ပိုင်း အလုပ်အကိုင် ဖန်တီးပေးနိုင်မှုနှင့် လုပ်ငန်းခွင်အကြို အလုပ်သင် အလုပ်အကိုင်များ ဖန်တီးမှုများမှာ လိုအပ်နေဆဲဖြစ်ကြောင်း၊ ဘွဲ့ရပြီးစ လူငယ်များအနေဖြင့်လည်း လုပ်ငန်းခွင်ထဲ ဝင်ရောက်ရာတွင် လုပ်ငန်းအတွေ့အကြုံများ သင်ယူနိုင်ရုံသာမက အပိုဝင်ငွေများလည်း ရရှိနိုင်သည့်အတွက် လူငယ်များအတွက်များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားတယ်။ “ကျွန်မအတွေ့အကြုံအရဆိုရင် ဒီမှာလာလုပ်တဲ့ နိုင်ငံခြားသားတွေလည်း အလုပ်သင်အနေနဲ့ လာကြတာများတယ်။ ကျောင်းပြီးစ လူငယ်တွေနဲ့ အသက် ၂၀ ကျော် လူငယ်တွေ လွှတ်တာများတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်ကောင်းမှ အတည်ပြု ခန့်အပ်လိုက်တာမျိုးတွေရှိတယ်။ အဲဒီတော့ သူတို့လည်း အတွေ့အကြုံရသွားတာပေါ့။ ဒီမှာ ဆက်မလုပ်ဖြစ်ရင်တောင် တခြားမှာ အလုပ်ဝင်ဖို့အတွက် လုပ်ငန်းသဘောကို နားလည်သွားတာပေါ့။ ပြီးတော့ လုပ်ငန်းလိုအပ်ချက် အပေါ်မှုတည်ပြီး အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေနဲ့ Train ပေးထာမျိုးတွေ လုပ်ရင် အခုလူငယ်တွေ ရင်ဆိုင်နေရတဲ့ အတွေ့အကြုံရှိမှ ရမယ်ဆိုတာမျိုးတွေ ကင်းသွားတာပေါ့”ဟု Work.com.mm မှ လူမှုဆက်ဆံရေး မန်နေဂျာ မဇင်မာသက်မွန်က ဆိုသည်။ ဒါ့အပြင် ၂၀၁၆ ဇန်နဝါရီမှ ဖေဖော်ဝါရီ ပထမပတ်အထိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပမှ လုပ်ငန်း ၃၈ ခုအား လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၇ ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှု ၁၀ ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၁၀ ခုတို့ ဖြစ်ကြောင်းလည်း သိရသည်။ ယင်းရင်းနှီးမြှုပ်နှံမှုများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း သောင်းခြောက်ထောင်ကျော်ကို ဖန်တီးပေးနိုင်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှု များလာသောကြောင့် အလုပ်သင် အလုပ်အကိုင် အခွင့်အလမ်း များလာနိုင်မည်ဟု အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှသိရ















