လှိုင်သာယာမြို့နယ်ရှိ သဲကွင်း၌ ကျောက်ထမ်းနေစဉ် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ပြီး ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူအား တပ်မတော်ထဲဝင်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၃ ရက်က လှိုင်သာယာမြို့မရဲစခန်း မှ သိရသည်။အဆိုပါ ကျူးလွန်သူအမျိုးသားကို သပိတ်ကျင်းမြို့သို့သွားသည့်လမ်း၌ တပ်မတော်ထဲသို့ ဝင်ရန်ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"ကျူးလွန်သူကို ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ဖမ်းမိခဲ့ပါတယ်။ သူ့ကိုမန္တလေး သပိတ်ကျင်းကို သွားတဲ့လမ်းမှာ တပ်ထဲကို ဝင်ဖို့လုပ်နေတယ်လို့ သတင်းရလို့ စုံစမ်းစောင့်ဆိုင်းပြီးတော့ ဖမ်းဆီးခဲ့ပါတယ်"ဟု လှိုင်သာယာမြို့မရဲစခန်းမှ ဒုရဲမှူးခင်မောင်ဆွေက ပြောကြားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုန် ဆိပ်ကမ်းသာလမ်းရှိ ဝါဝါ၀င်းသဲကွင်း၌ ရွှေပြည်သာမြို့နေ ဦးဝင်းပိုင် (၄၀) နှစ်သည် ကျောက်ထမ်းနေစဉ် ၎င်းနှင့်အတူ အလုပ်လုပ်ကိုင်သည့် ရွှေပြည်သာမြို့နေ ရဲလင်းအောင် (၃၀)နှစ်နှင့် စကားများ ရန်ဖြစ်ရာမှာ ရဲလင်းအောင်က ကျောက်/သဲ ထည့်သည့် တောင်းများ ပြုပြင်ရာတွင် အသုံးပြုသည့် အရှည်ငါးလက်မခွဲခန့်ရှိသည့် ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။ယင်းသို့ ကတ်ကြေးဖြင့် ထိုးသတ်ခံခဲ့ရသည့် ဦးဝင်းပိုင်(၄၀) နှစ်မှာ ဝဲဘက်ချိုင်း အောက်ထိုးဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာတစ်ချက် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။အဆိုပါဖြစ်စဉ်မှ ရဲလင်းအောင်(၃၀)နှစ်ကို လှိုင်သာယာ မြို့မရဲစခခန်းမှ (ပ) ၁၉၉၆/၁၅၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
သဲကွင်း၌ ကျောက်ထမ်းနေစဉ် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ပြီး ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူအား တပ်မတော်ထဲဝင်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိ















