မြဝတီနယ်စပ်မှ ကုန်စည်စီဆင်းမှု ပိတ်လိုက်ပြီဆိုသည့် သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း မြဝတီ ချစ်ကြည်ရေးတံတားမှ တာဝန်ရှိသူတစ်ဦး ပြောကြား

မြဝတီနယ်စပ်မှ ကုန်စည်စီဆင်းမှု ပိတ်လိုက်ပြီဆိုသည့် သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း မြဝတီ ချစ်ကြည်ရေးတံတားမှ တာဝန်ရှိသူတစ်ဦး ပြောကြား
Published 26 December 2015

လူမှုကွန်ယက် facebook စာမျက်နှာတွင် ပျံ့နှံ့နေသော မြဝတီနယ်စပ်မှ ကုန်စည်စီးဆင်းမှု ပိတ်လိုက်ပြီဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်းနှင့် ကောလဟလသာဖြစ်ပြီး ထိုင်းကုန်စည်များ မြန်မာနိုင်ငံသို့ ပုံမှန်တင်သွင်းလျှက်ရှိကြောင်း မြဝတီ ချစ်ကြည်ရေးတံတားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။"နံနက် ၈ နာရီကတည်းက ထိုင်းကုန်စည်ပို့ဆောင်တဲ့ ကားကြီးတွေ ဝင်နေတာပါ။ Facebook မှာ ကုန်သွယ်မှုပိတ်လိုက်ပြီ။ ကုန်သည်တွေအားလုံး သဘောတူပြီး နယ်စပ်ရပ်ဆိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ကုန်စည်တင်သွင်းမှုကို ရပ်တန့်ဖို့လည်း ဘာညွှန်ကြားချက်မှ မရှိပါဘူး"ဟု ချစ်ကြည်ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်တွင် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် မြန်မာနိုင်ငံသားနှစ်ဦးအတွက် ယနေ့ (ဒီဇင်ဘာ ၂၅) ရက် မွန်းလွဲ တစ်နာရီခန့်က မြန်မာ-ထိုင်းနယ်စပ် မြဝတီချစ်ကြည်ရေးတံတားထိပ်၌ ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် ညနေပိုင်းတွ အဆိုပါ ကောလာဟလ ပျံံနှံ့ခဲ့ခြင်းဖြစ်သည်။မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားထိပ်၌ ဆန္ဒပြရာတွင် ပြည်သူလူထု သုံးဆယ်ခန့်ဖြင့်စတင်ခဲ့ပြီးပြည်သူလူထု တစ်ရာခန့် ပူးပေါင်းပါဝင်ခဲ့ကာ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦး လူသတ်သမား မဟုတ်ကြောင်း၊တရားမျှတမှုမရှသေထိုင်းဥပဒေ အလိုမရှိ၊ ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ဆန္ဒပြနေစဉ် ထိုင်းကုန်ကားများ ဝင်ရောက်မှု ရပ်နားခဲ့သော်လည်း ယင်းနောက်ပိုင်း ညနေ၂ နာရီခန့်မှစ၍ ထိုင်းကုန်ကားများ ပုံမှန် ဝင်ရောက်ခဲ့သည်။ ထို့အတူ ဒီဇင်ဘာ ၂၆ ရက်နေ့တွင်လည်း နံနက် ၈နာရီမှ စတင်ပြီး ထိုင်းနိုင်ငံထုတ် ကုန်စည်ပို့ဆောင်ရေးကားများ ပုံမှန်ဝင်ရောက်လျှက်ရှိကြောင်း သိရသည်။

Most Read

Most Recent