ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်
Published 2 June 2026

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း အနုပညာရှင်အသိုင်းအဝိုင်းမှ သိရသည်။

ကဗျာဆရာတစ်ဦးလည်းဖြစ်သည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးမှာ ဇွန် ၂ ရက် နံနက်ပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် ၆၅ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

၂၀၂၁ ခုနှစ်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး ၂၀၂၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

အသည်းကင်ဆာရောဂါခံစားနေရပြီး တကိုယ်လုံးတွင် ကင်ဆာဆဲလ်များ ပျံ့နှံ့နေသည့်အကြောင်းကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ဖူးသည်။

Most Read

Most Recent