တနင်္သာရီတိုင်း ဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု ၆၉ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ် ကျန်ရှိနိုင်သည်မှာ ရာခိုင်နှုန်း ၄၀ ခန့်သာ ကျန်နိုင်တော့ကြောင်း ပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု အနည်းငယ် ကျန်ရှိနေသည့် နေရာများမှာ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့သာ ဖြစ်ပြီး အဆိုပါ နေရာများတွင် သစ်တောပြုန်းတီမှုများ ပြားလာနေကြောင်း သိရသည်။”ပညာရှင်တွေက သစ်တောနှင့် ပတ်သက်ပြီး သုံးမျိုး သတ်မှတ်ထားပါတယ်။ လုံးဝမထိမတွေ့ရသေးတဲ့ သစ်တော၊ ထိတွေ့နေတဲ့ သစ်တော၊ ပြုန်းတီးသွားပြီဖြစ်တဲ့ သစ်တောဆိုပြီး သတ်မှတ်ထားတယ်။ တနင်္သာရီတိုင်း ဒေသကြီးမှာ သစ်တောဖုံးလွှမ်းမှုက ၆၉ ရာခိုင်နှုန်း ရှိတယ်လို့ ပြောနေပေမယ့် တကယ်တမ်းမှာတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်။ ၃၀ ရာခိုင်နှုန်းက လုံးဝပြုန်းတီးသွားပါပြီ။ ပါချန်ကြိုးဝိုင်းဆိုရင် လုံးဝပြုန်းတီးသွားပါပြီ။ အခုကျွန်တော်တို့ သစ်တော ထိန်းသိမ်းဖို့ အတွက် FLEGT ( Forest Law Engforce-ment, Governance and Trade )နှင့် လုပ်နေပါပြီ အောက်ခြေအဆင့်ကနေ သတင်းတွေလို အပ်ပါတယ်” လို့ EU-FLEGT VPA ကြားဖြတ်လုပ်ငန်းအဖွဲ့ (Interim Task Force) မှ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် ဦးဇော်သူရ (ထားဝယ်သုတေသနအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး)မှ ပြောကြားခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် သစ်တောကြိုးဝိုင်း ၂၉ ခုရှိပြီး သစ်တောနယ်မြေဧက ၃၄ ဒသမ ၅ သိန်းကျော် ရှိသော်လည်း ကုမ္ပဏီများ၏ သစ်ထုတ်လုပ်မှုများ၊ လူနေအိမ်များ ချဲ့ထွင်လာမှုများနှင့် ဆီအုန်းစိုက်ရန်ဟု အကြောင်းပြကာ အပြောင်ရှင်း စနစ်များ ပြုလုပ်သောကြောင့် သစ်တောများ ပျက်စီးလာနေပြီ ဖြစ်ကြောင်း သိရသည်။ အစိုးရမှ သစ်တောဖုံးလွှမ်းမှု ၆၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိသည်ဟု ပြောကြားထားသော်လည်း စောင့်ကြည့်နေသည့် ပညာရှင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ရာခိုင်နှုန်း ၄၀ ခန့်သာ ကျန်တော့ကြောင်း ပြောကြားထားခဲ့သည်။
“ကျွန်တော်တို့ ပူးပေါင်း ပါဝင်မှုတွေ အများကြီး လိုအပ်နေပါတယ် ကျွန်တော်တို့ နိုင်ငံမှာ သစ်တောရဲဆိုပြီး ရှိပါတယ်။ သစ်တောရဲ ၄၀၀ စလုံးက နေပြည်တော်မှာ ရှိနေတယ်။ နယ်ကို ဆင်းစေချင်ပါတယ်။ လက်ရှိ ပြည်ထဲရေးအောက်မှာရှိပါတယ်”ဟု ဦးဇော်သူရက ဆိုသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကုမ္ပဏီ ၁၁ ခုမှ သစ်ထုတ်လုပ်ရေးများ ဆောင်ရွက်နေပြီး ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် တန်ခြောက်သောင်းအား ထုတ်ယူခွင့် ပြုထားကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာနှင့် ဆီအုန်းများ အကြီးအကျယ် စိုက်ပျိုးလာခဲ့ပြီး အများစုမှာ အပြောင်းရှင်းစနစ်ဖြင့် သစ်များ ထုတ်ယူခဲ့သောကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးလာသလို ဌာနေ တိုင်းရင်းသားများအတွက်လည်း ဝမ်းစာ ရှာဖွေ စားသောက်ရန်အတွက် ခက်ခဲလာကြောင်း သိရသည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု ၆၉ ရာခိုင်နှုန်း ရှိသည်ဆိုသော်လည်း ရာခိုင်နှုန်း ၄၀ ခန့်သာ ကျန်ရှိတော့ကြောင်း ပညာရှင်များသုံးသပ်















