ရဲစခန်းအချုပ်ခန်း၌ တန်းစီးများက အချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင် Facebook စာမျက်နှာများတွင် နိုဝင်ဘာ ၂၀ ရက်တွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရသည်။အဆိုပါ ဗီဒီယိုဖိုင်ကို Facebook Ac-countတစ်ခုဖြစ်သော Ma Naw Myay အမည်ရှိ Account ဖြင့် နိုဝင်ဘာ ၁၉ ရက်တွင် တင်ထားခြင်းဖြစ်ပြီး Facebook သုံးစွဲသူအချို့က တစ်ဆင့် Share ထားကြမှုများကို လည်း တွေ့ရှိခဲ့ရသည်။ထို့အပြင် ယင်းသို့တင်ထားသည့် ဗီဒီယိုဖိုင်အပေါ်တွင် “ဖားကန့်မြို့နယ် ရဲစခန်း အချုပ်ခန်းထဲမှ အချုပ်သားများကို ပုံစံကြီး ၃၆ ဆိုလား လုပ်ခိုင်းပြီး အချုပ်သားထိန်း တန်းစီးများက နှိပ်စက်နေကြသည်ကို တွေ့မြင်ရစဉ် ဘော်ဘော်များနှင့် ပြည်သူများ ဤမူဗွီလေးကို ကြည့်ရှုဝေဖန်ပေးကြပါဦးဗျာ”ဟုသည့် စာများကိုလည်း ရေးသားထားသည်ကို တွေ့ရသည်။ယင်းဗီဒီယိုဖိုင်ထဲတွင် တန်းစီးဟု ယူဆရသည့်သူ သုံးဦးက အချုပ်သားသုံးဦးကို အခြားအချုပ်သားများရှေ့တွင် ပုံစံကြီး ၃၆ ဆိုပြီး လက်နှစ်ဖက်ကို ခေါင်းပေါ်နောက်ပစ်တင်၊ ခြေဖဝါးထောက်၊ ဒူးကွေး မတ်တတ်ရပ် ခိုင်းခဲ့ကာ ပုံစံမကျသည့် အချုပ်သားတစ်ဦးကိုပင်မကဘဲ ယင်းကဲ့သို့အပြုအမူမျိုး မလုပ်တတ်သည့် အချုပ်သားတစ်ဦးကိုလည်း ပါးရိုက်ခြင်း၊ ကန်ကျောက်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။ထို့အတူ ညှဉ်းပန်းနှိပ်စက်သည့် တန်းစီးသုံးဦးအနက် တစ်ဦးက နှိပ်စက်ခံရသည့် အကျဉ်းသားများကို “မင်းတို့လုပ်နေတာ ဘာပုံစံလဲဆိုလို့ရှိရင် ပုံစံကြီး ၃၆။ ပုံစံကြီး ၃၆ ကို ဘယ်နေရာမှာ အသုံးပြုသလဲလို့မေးရင် ဆရာတွေ အပြစ်ပေးတဲ့နေရာမှာ သုံးတယ်” ဟု ကြိမ်းမောင်းပြောဆိုမှုများ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။အဆိုပါ ပုံစံကြီး ၃၆ ဆိုသည့်အပြုအမူကို မလုပ်တတ်သည့် အကျဉ်းသားတစ်ဦးမှာ ထိုင်ကာ ငိုယိုတောင်းပန်ခဲ့သော်လည်း ၎င်းအား အရှေ့မှ တန်းစီးတစ်ဦးက ပါးရိုက်ခြင်းနှင့် အနောက်မှတန်းစီးတစ်ဦးက ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သည့်ကို ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင်တွေ့ ရှိရသည်။အဆိုပါ ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ဖားကန့်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးနိုင်ဝင်းအား ဆက်သွယ်မေးမြန်းရာ“Facebook ပေါ်မှာတက်နေတဲ့ ဖားကန့်ရဲစခန်းမှာ တန်းစီးက နှိပ်စက်တဲ့ပုံတွေ ကျွန်တော်တွေ့ပါ တယ်။ ဒါပေမဲ့ဒါဟာ ဖားကန့်ရဲစခန်းကဆိုတာ လုံးဝမဟုတ်ပါဘူး။ ဘယ်ရဲစခန်းက အချုပ်ခန်းကို ရိုက်ပြီးတော့ တင်လိုက်လဲမသိဘူး။ ဗီဒီယိုဖိုင်ထဲမှာပါတဲ့ အချုပ်ခန်းနဲ့ ကျွန်တော်တို့ အချုပ်ခန်းက လုံးဝကွဲလွဲနေပါတယ်။ ကျွန်တော်တို့ အချုပ်ခန်းက သံဆူးကြိုး၊ သံဆန်ခါတွေနဲ့ အပြင်က ထပ်ပြီးကာထားတယ်။ ရေနံချေးလည်း သုတ်ထားတယ်။ တက်လာတဲ့ ဗီဒီယိုထဲမှာ အဲဒါမပါဘူး။ ကျွန်တော်တို့အချုပ်ခန်းမှာ ဒီလိုညှဉ်းပန်းနှိပ်စက်တဲ့ ကိစ္စတွေ လုံးဝမဖြစ်စေရဘူး”ဟု နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြန်လည်ဖြေကြားခဲ့သည်။အလားတူ ဖားကန့်မြို့မရဲစခန်းက အချုပ်သားတန်းစီး အောင်မိုင်က“ ကျွန်တော်ဒီမှာ ချုပ်နှောင်ခံထားရတာ ရှစ်လလောက်ရှိပါပြီ။ သူများတွေကို ညှဉ်းပန်း နှိပ်စက်တာမျိုးလည်း လုံးဝမရှိပါဘူး။ လုံး၀ မဟုတ်တာမို့ ဒီကိစ္စကို ငြင်းဆိုပါတယ်”ဟု ပြောကြားသည်။ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း ရက်အချုပ်နှင့် အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်မှု ကာလလျော့ကျရန်နှင့် ဥပဒေနှင့် မညီသည့် ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်ရန်အချက်များ ထည့်သွင်းသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင် ဖြည့်စွက်ထားကြောင်း သိရသည်။ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတွင် အဆိုပါဥပဒေကြမ်း၏ အခန်း ၂ တွင် ပြစ်မှုဆိုင်ရာ စုံစမ်းထာက်လှမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်ကာလအတွင်း ရက်အချုပ်နှင့် အကျဉ်းထောင်များတွင် မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့် ကာလလျော့ကျစေရန်နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်စေရန်အတွက် ရည်ရွယ်ပြင်ဆင်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ရဲစခန်းအချုပ်ခန်းတစ်ခု၌ တန်းစီးများက အချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသော ဗီဒီယိုဖိုင် Facebook စာမျက်နှာများတွင် ပျံ့နှံ့နေ















