မန္တလေးမြို့၌ အိမ်ခြံမြေ တန်ဖိုးဖြတ်ရန်အတွက် ကျပ်သိန်း ၁၃၀၀ ကျော် လာဘ်ယူခဲ့သည်ဟုဆိုကာ မြို့နယ် အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေးကို ပုဒ်မ ၄၀၆ ဖြင့် ချမ်းအေးသာစံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်က မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်က ချမ်းအေးသာစံမြို့နယ်ရှိ မြေကွက် အရောင်းအဝယ်အတွက် တန်ဖိုးဖြတ်ရန် ငွေကျပ်သိန်း ၁၃၂၀ ဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့သော်လည်း အမှန်တကယ် တန်ဖိုးဖြတ်ခဲ့သည်မှာ ညှိနှိုင်းခဲ့သည်ထက် နှစ်ဆစည်းကြပ်ခဲ့သဖြင့် အခွန်ထမ်းက ကျေနပ်မှု မရှိသောကြောင့် အဆိုပါ ငွေများကို ပြန်လည်တောင်းယူရာတွင် မပေးနိုင်ခြင်းကြောင့် ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားရာမှ ရုံးတွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးပုဒ်မ ၄၀၆ သို့ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ဇော်ထွေးက ပြောကြားသည်။အဆိုပါ ငွေကြေးများကို မိမိအနေဖြင့် အောက်လက်ငယ်သား ဝန်ထမ်းတစ်ဦး အနေဖြင့် သွားရောက် ယူဆောင်ပေးရခြင်းသာ ဖြစ်ကြောင်းနှင့် အဆိုပါ ငွေများကို ထိုစဉ်က ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးမှူး ဦးညီညီနိုင်ထံ ပေးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။“၂၀၁၂-၁၃ ဘဏ္ဍာနှစ်က မန္တလေးတိုင်း အိမ်ခြံမြေ တန်ဖိုးဖြတ် ကိစ္စရပ် နောက်ကွယ်မှာပါတဲ့ ကိစ္စရပ်တွေကို ကျွန်တော်က လုပ်ပေးခဲ့ရပါတယ်။ လူကြီးတွေက ပိုက်ဆံသာ ယူသွားတာ။ အာမခံပြီးတော့ ဆောင်ရွက်ပေးခဲ့ခြင်း မရှိဘူး။ သူတို့ တာဝန်ယူ ဆောင်ရွက်ထားတဲ့ ပမာဏတွေ ဖြစ်မလာခဲ့ဘူး။ ကျွန်တော်က အငယ်တစ်ယောက် အနေနဲ့ တာဝန်ခံပြီး လုပ်ပေးလိုက်ရတဲ့အတွက် ဒါကြောင့် အခုလို တရားစွဲ ခံရတာပါ။ သူတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ရဲစခန်းမှာ အမှုဖွင့်ပြီးနောက်မှာ ဌာနက ညွှန်ကြားရေးမှူးချုပ်ကို စုံစမ်း ဖော်ထုတ်ပေးဖို့ တိုင်ကြားစာ ပေးပို့ခဲ့တယ်။ ဒါပေမဲ့ ညွှန်ကြားရေးမှူးချုပ်က လျစ်လျူရှုထားတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေရုံးက စုံစမ်း စစ်ဆေးဖိ့ု ကျွန်တော်တို့ဌာနကို ပြန်လွှဲတယ်။ စက်တင်ဘာ ၁၀ ရက်မှာ ရှေးဦးစုံစမ်းစစ်ဆေးမှု လုပ်ခဲ့တယ်။ ဒီအမှုမှာ နောက်ကွယ်က ပါတဲ့အရာရှိတွေအကြောင်း ထွက်ဆိုချက်ပေးတော့လည်း အဲဒီအဖွဲ့က လက်မခံဘူး။ လက်မခံတဲ့အပြင် ဌာနရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှာ စိုးတဲ့အတွက် အာမခံမရတဲ့ ပုဒ်မ ၄၀၆ နဲ့ပြောင်းပြီး တရားစွဲတာ။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကိုလည်း တိုင်ထားတယ်။ ဒါပေမဲ့ သူတို့ကို သတင်းတွေနဲ့ စာရင်းတွေ ပေးမှာစိုးလို့ ကျွန်တော့်ကို မတရား ဖမ်းပြီးတော့ ပုဒ်မ ၄၂၀ ကနေ အာမခံ မရတဲ့ ၄၀၆ ပြောင်းပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ဦးမြင့်ဇော်ထွေးက ပြောကြားသည်။ထိုသို့ တရားစွဲဆိုခံရသော မြို့နယ် စာရေးကြီး ဦးမြင့်ဇော်ထွေးသည် မန္တလေး တိုင်းဒေသကြီး အခွန်ဦးစီးဌာန၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်သတ်မှတ်သည့် ကိစ္စရပ်များ၏ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ၊ ငွေကြေး ခဝါချမှုများ ရှိနေသဖြင့် ဖော်ထုတ် အရေးယူပေးရန် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မတီသို့ အောက်တိုဘာ ၉ ရက်က တိုင်ကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် ရက်မတိုင်မီ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ တန်ဖိုးဖြတ်ရန်အတွက် ကျပ်သိန်း ၁၃၀၀ ကျော် လာဘ်ယူခဲ့သည်ဟုဆိုကာ အခွန်ဦးစီးဌာနက အကြီးတန်း စာရေးတစ်ဦးအား ပုဒ်မ ၄၀၆ ဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် တရားစွဲဆို















