မြောက်ဥက္ကလာပမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တွင် သမီးရည်းစားနှစ်ဦး စကားများရန်ဖြစ်ရာမှ အမျိုးသားက ၎င်း၏ ရည်းစားအား ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

မြောက်ဥက္ကလာပမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တွင် သမီးရည်းစားနှစ်ဦး စကားများရန်ဖြစ်ရာမှ အမျိုးသားက ၎င်း၏ ရည်းစားအား ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား
Published 11 November 2015
အောင်မျိုးသန့်

မြောက်ဥက္ကလာပမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ သမီးရည်းစားနှစ်ဦး စကားများရန်ဖြစ်ရာမှ အမျိုးသားက ၎င်း၏ ရည်းစားဖြစ်သူအား ဓားဖြင့်ထိုးသတ်မှု နိုဝင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။မြောက်ဥက္ကလာပမြို့နယ် (ဇ) ရပ်ကွက်၊ မေဓာဝီလမ်း၊ အမှတ် (၄၆)၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် မ..... (၂၄ နှစ်) သည် ၎င်း၏ ရည်းစားဖြစ်သူ မောင် .....(၃၄ နှစ်) ဖြစ်သူနှင့် တွေ့ဆုံစဉ် လက်ဖက်ရည်ဆိုင်အတွင်း စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုအခါ  မောင် ..... မှ အသင့်ပါလာသော အရိုးအသွားခြောက်လက်မခန့် ရှိသော စတီးဓားဖြင့် မ......အား ထိုးခဲ့ကြောင်း သိရသည်။ဓားဖြင့် အထိုးခံရမှုကြောင့် မ....မှာ လည်ပင်း ယာဘက် ထိုးသွင်းဒဏ်ရာလေးချက်၊ ကျောကုန်း ထိုးသွင်းဒဏ်ရာ လေးချက် နှင့် ဝဲနားရွက် ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။“သူတို့သမီးရည်းစားနှစ်ဦး  စကားများ ရန်ဖြစ်ရာကနေ ကောင်လေးက ဓားနဲ့ ထိုးသတ်သွားတာပါ။ ဓားနဲ့ထိုးတဲ့ကောင်လေး က ယာဉ်နောက်လိုက်လုပ်ရင်း ရွှေပေါက္ကံမြို့သစ်မှာ နေတယ်။ သေသွားတဲ့ ကောင်မလေး က မြောက်ဥက္ကလာပ (ဌ) ရပ်ကွက်ကပါ။ ဓားနဲ့ ထိုးတဲ့ကောင်ကိုတော့ ရဲကင်းက ရဲတွေနဲ့ ပတ်ဝန်းကျင်ကလူတွေ ဝိုင်းဖမ်းခဲ့ပါတယ်။ သူ့ကိုတော့ အမြန်ဆုံး တရားစွဲတင်ပို့ရန် ဆောင်ရွက်နေပါတယ်”ဟု  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့် ထိုးသတ်ခဲ့သူ မောင်.....အား မြောက်ဥက္ကလာပ မြို့မရဲစခန်းမ ှ(ပ) ၈၇၃/၂၀၁၅ ၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent