“ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သိစေရန်” ဟူသည့် စာတန်းပါ ဗွီနိုင်းကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်မှု တစ်ခု အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက တာမွေဟစ်တိုင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းသို့ ဆန္ဒဖော်ထုတ်ရာတွင် Pope ရဟန်းမင်းကြီး Francis သိစေ ဟူသော ခေါင်းစီး စာတန်းပါ “(၁) အသက်မပြည့်သေးသည့် နဝမတန်းကျောင်းသား စောဖာဂေးအား ရဟန်းဖြစ်သင်ကျောင်းမှ ကျောင်းအုပ် ဘုန်းကြီး ဆိုင်းမင်းတင်မောင်၏ မဟုတ်မမှန် လုပ်ကြံ တရားစွဲဆို ခံရပြီး ခြေချုပ်နှင့် ခံဝန်ဥပဒေအရ ခံဝန် မလုပ်နိုင်သဖြင့် ပဲခူး အကျဉ်းထောင်တွင် ခြောက်လ ပြစ်ဒဏ် ကျခံခဲ့ရသည့် ကိစ္စ။ (၂) မိဘမဲ့ ကလေးများ ဘုရားကျောင်း မတက်ရသည်မှာ ငါးနှစ် ကြာနေသည့် ကိစ္စ။ (၃) မိဘမဲ့ ကလေးများ မွေးစားရာ၌ ဆရာတော် ချားစ်ဘို၏ ခွင့်ပြုချက် ရရှိမှသာ မွေးစားခွင့်ရမည့် ကိစ္စ။ (၄) တရားစွဲဆိုရာတွင် canon Law ကို လွဲမှားစွာ အသုံးပြု၍ တရားရုံးသို့ လျှောက်ထားသည့် ကိစ္စ။ (၅) သာသနာရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် တရားရုံးတော်တွင် တရားစွဲဆိုသည့် ကိစ္စကို ခွင့်ပြုချက် စာမတင်ပြဘဲ နှုတ်ဖြင့်သာ တင်ပြသည့် ကိစ္စ။ (၆) ကက်သလစ် ခရစ်ယာန်များအတွက် ထုတ်ဝေသော မျိုးကြဲသူ စာစောင်-အတွဲ(၉၀) ၊ အမှတ် (၂)၊ ၂၀၀၉-ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ စာမျက်နှာ (၁၇)-တွင် နိုင်ငံတော် အစိုးရက သက်ဆိုင်ရာ ဘာသာသာသနာ အကြီးအကဲတွေရဲ့လက်ထဲအပ်ပြီး အဲဒီက ဥပဒေအတိုင်း ဆုံးဖြတ် အရေးယူခိုင်းပါတယ်ဟု ရေးသားထားသည့် ကိစ္စ” စာတန်းများ ပါဝင်သည့် ဗွီနိုင်းအား ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။“ဒီလိုလုပ်တာက သာသနာကို စော်ကားတာ မဟုတ်ပါဘူး။ မိဘမဲ့ ကလေးတွေကို မွေးစားရာမှာလည်း လွတ်လွတ်လပ်လပ် မွေးစားခွင့် မရှိဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မိဘမဲ့ ကလေးတွေ ဖြစ်တယ်” ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ကိုစောဂျိမ်းက ပြောကြားသည်။၎င်းက ဆက်လက်၍ “နဝမတန်းကျောင်းသားကို ကျောင်းအုပ် ဘုန်းကြီးက မဟုတ်မမှန် တရားစွဲပြီးတော့ ပဲခူးထောင်မှာ ခြောက်လလောက် ပြစ်ဒဏ် ကျခံရတဲ့ ကိစ္စကတော့ လွန်ခဲ့တဲ့ ၂၀၀၄ခုနှစ်လောက်က ဖြစ်ခဲ့တာပါ။ မိဘမဲ့ ကလေးတွေ ဘုရားကျောင်း မတက်ရတာကတော့ ငါးနှစ်လောက်ရှိပြီ ။ ဒါကိုတွေ အဓိက ထားပြီးတော့ ကျွန်တော်တို့ ဘာသာရဲ့ ဘုန်းတော်ကြီးတွေ မတရား လုပ်ခဲ့မှုတွေကို ပုပ်ရဟန်းမင်းကြီးကို သိစေလိုတဲ့အတွက် ဒီလို ဆန္ဒဖော်ထုတ်မှုကို လုပ်ရတာပါ” ဟု ပြောကြားသည်။အဆိုပါ ဆန္ဒဖော်ထုတ်မှုအား တာမွေမြို့မ ရဲစခန်း၏ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လူလေးဦးနှင့် ကလေးငယ် သုံးဦးသာ ပါဝင်ခဲ့သည်။
“ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သိစေရန်” ဟူသည့် စာတန်းပါ ဗွီနိုင်း ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်မှု တာမွေဟစ်တိုင်တွင် ပြုလုပ်















