စျေးများ၊ ကျောင်းမုန့်စျေးတန်းများ၌ ရောင်းချနေသည့် အချို့အစားအသောက်များသည် ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများ အသုံးပြုထားသည့်အတွက် စားသုံးရန်မသင့်ကြောင်း FDA ထုတ်ပြန်

စျေးများ၊ ကျောင်းမုန့်စျေးတန်းများ၌ ရောင်းချနေသည့် အချို့အစားအသောက်များသည် ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများ အသုံးပြုထားသည့်အတွက် စားသုံးရန်မသင့်ကြောင်း FDA ထုတ်ပြန်
စားသုံးရန်မသင့်သော အစားအစာများကို ထုတ်ပြန်ထားစဉ်
စားသုံးရန်မသင့်သော အစားအစာများကို ထုတ်ပြန်ထားစဉ်
Published 14 October 2023

စျေးများ၊ ကျောင်းမုန့်စျေးတန်းများ၌ ရောင်းချနေသည့် အချို့အစားအသောက်များ သည် ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများ အသုံးပြုထားသည့်အတွက် စားသုံးရန်မသင့် ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ ကျန်းမာရေးဝန်ကြီး ဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်း မွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစား အသောက်များကို အများပြည်သူတို့ စားသုံး နိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း သိရသည်။

စျေးကွက်များတွင် ရောင်းချလျက်ရှိ သော အစားအသောက်များကို စျေးများ၊ ကျောင်းမုန့်စျေးတန်းများမှ ဝယ်ယူစစ်ဆေး ရာ အချို့အစားအသောက်များ၌ စားသုံးသူ များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများ၊ ခွင့်မပြု ဆိုးဆေးများ ပါဝင်မှုနှင့် ခွင့်ပြုအစားအ သောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ် ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည် တို့ကြောင့် အစားအသောက်များကို ရေရှည် စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက် ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါ များဖြစ်ပွားစေနိုင်သဖြင့် ယခုဖော်ပြထား သော အစားအသောက်များကို နောက်ထပ် ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်း မပြုရန် အသိပေးအပ်ကြောင်း သိရ သည်။

အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများကို လုံးဝအသုံးမပြု ရန်၊ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်း များကို သတ်မှတ်ပမာဏအတွင်းသာ အသုံး ပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent