လွန်ခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ရေ ဘေးသင့်ခဲ့သည့် ကချင်ပြည်နယ်၊အင်းတော် ကြီးဒေသ၊မိုင်းနောင်ကျေးရွာရှိ ခေါင်းတုံး ချောင်းမှာ ရွာထက်မြင့်လာသောကြောင့် ကျေးရွာသားများ ကိုယ့်အားကိုယ်ကိုး ရေ ကာတာ တည်ဆောက်ခဲ့ကြောင်း ရွာသား များက ဆိုသည်။
စက်တင်ဘာ ၇ ရက်နေ့ တစ်နေ့လုံး ရွာသူရွာသား တစ်ရာကျော်က လုပ်အားပေး တည်ဆောက်ခဲ့ပြီး ဒေသတွင်း သစ်၊၀ါးများနှင့် တည်ဆောက်ခဲ့ရကြောင်း မိုင်းနောင်ကျေး ရွာသား ဦးစိုးက ဆိုပါသည်။
ယင်းက“ ပြီးတာတော့ နှစ်ဖာလုံးကျော် တော့ ရှိမယ်။ လွန်ခဲ့တဲ့ ဇူလိုင်က ရေကြီးတာ က နှစ်တိုင်းထက် ၁၀ ဆလောက် ဖြစ်သွား တယ်။ ရေမရောက်တဲ့ စာသင်ကျောင်း တံ တိုင်း ပြိုတယ်။ ရွာထဲမှာ ရေငါးပေလောက် ဖြစ်သွားတယ်။ ချောင်းက ရွာထက်မြင့်ပြီး ရေက နိမ့်တဲ့နေရာတွေဘက် ထိုးချခဲ့တော့ တာ။ အခုလည်း တာရိုးပိတ်စရာ သုံးလေး နေရာတော့ ကျန်သေးတယ်။ လူအားနဲ့ကြ တော့ မလုပ်နိုင်ဘူးလေ” ဟု ဆိုသည်။
ခေါင်းတုံးချောင်းသည့် အင်းတော်ကြီး အိုင်အတွင်း စီးဝင်သည့် ချောင်းတစ်ခုဖြစ်ပြီး ဆယ်စုနှစ် နှစ်ခုကျော် ရွှေကျင်မှုများကြောင့် ချောင်းမှာ တဖြည်းဖြည်း တိမ်ကောလာခဲ့ ခြင်းဖြစ်သည်။ လက်ရှိတွင်လည်း ချောင်း ဖျားတွင် ရွှေကျင်မှုများ အနည်းငယ် ရှိနေဆဲ ဖြစ်ကြောင်း မိုင်းနောင်ရွာသားများက ဆို သည်။















