ဆောက်ဂိတ်ဟာ အခုလိုပုဂ္ဂိုလ်ရေးဗဟိုပြုရွေးချယ်မှုမျိုးကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဘဝ စတင်ကတည်းက အကြိမ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး အကြိမ်ကြိမ်လည်း ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်နည်းပြဘဝအစောပိုင်းကာလ ကစားသမားရွေးချယ်မှုတွေမှာ သူနဲ့ အင်္ဂလန်ယူ-၂၁ အသင်းမှာ လက်တွဲခဲ့ဖူးသူ အများစုကို ဦးစားပေးရွေးချယ်ခဲ့သလို၊ နောက်ပိုင်းကာလတွေမှာလည်း ခြေစွမ်းပြနေသူတွေ၊ ခြေစွမ်းတည်ငြိမ်သူတွေထက် သူနဲ့ပြိုင်ပွဲကြီးတွေမှာ လက်တွဲဖူးတဲ့ကစားသမားတွေ၊ ပုဂ္ဂိုလ်ရေးပုံရိပ်မြင့်တဲ့ကစားသမားတွေ၊ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ကစားသမားတွေကိုပဲ ဦးစားပေးသူဖြစ်တယ်လို့ ဝေဖန်ခံခဲ့ရသူပါ။ ဒီအခြေအနေတွေကြောင့်ပဲ အင်္ဂလန်အသင်းဟာ စဉ်ဆက်မပြတ်ပြုပြင်ပြောင်းလဲမှုတွေ၊ သွေးသစ်လောင်းမှုတွေ၊ ကစားသမားအရင်းအမြစ်ကြွယ်ဝမှုတွေနဲ့ တိုးတက်မှုကိုပြလာရမယ့်အစား ပြိုင်ပွဲတစ်ခုနဲ့တစ်ခု နိမ့်မြင့်တက်ကျ မတူညီတဲ့စွမ်းဆောင်ရည်တွေ၊ ရလဒ်ပိုင်း မတည်ငြိမ်ခြင်းတွေ၊ ဒီဘက်နောက်ပိုင်းပြိုင်ပွဲကြီးတွေမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေရခဲ့ပေမယ့် ယုံကြည်စိတ်ချရတဲ့ အသင်းတစ်သင်းအဖြစ် ဘယ်သောအခါမှ မခံစားခဲ့ရခြင်းတွေနဲ့ပဲ သံသရာလည်နေခဲ့တယ်။
ဆောက်ဂိတ်ကျော်ဖြတ်ပြရဦးမယ့်ဖိအားများ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















