သံလွင်တံတား (ဘားအံ) ဖြတ်သန်းချိန် လျှော့ချသတ်မှတ်

သံလွင်တံတား (ဘားအံ) ဖြတ်သန်းချိန် လျှော့ချသတ်မှတ်
Published 3 August 2023
ဘိုဘိုမြင့်

သံလွင်တံတား (ဘားအံ) ဖြတ်သန်းချိန်အား သြဂုတ်လ ၂ရက်မှစတင်ကာ လျှော့ချ သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

သံလွင်တံတား (ဘားအံ) အား ယခင်က နံနက် ၆ နာရီမှ ည ၁၀ နာရီအချိန်အထိ ဖြတ် သန်းခွင့်ပြုထားရာမှာ ယခုအခါ နံနက် ၆ နာရီမှ ည ၇ နာရီအချိန်အတွင်းသာ ဖြတ်သန်း သွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

“အဓိကကတော့ လုံခြုံရေး အခြေအ နေအရ ပြောင်းလဲသတ်မှတ်လိုက်တာလို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ထိုသို့ သံလွင်တံတား (ဘားအံ) ဖြတ် သန်းချိန်လျှော့ချသတ်မှတ်လိုက်သည့် အတွက် ကုန်စည်စီးဆင်းမှု အနည်းငယ်နှေး သွားနိုင်ကြောင်း မြဝတီ - ရန်ကုန် ကုန်တင် ယာဉ်သမားတစ်ဦးက သုံးသပ်ပြောကြား သည်။

၎င်းကဆက်လက်ပြီး “တံတားပိတ်ချိန် မတိုင်ခင် အချိန်မီရင်ဖြတ်ပေါ့။ မမီရင်လည်း လမ်းမှာအိပ်ပေါ့လေ။ ဒီလိုပဲ သွားလာကြရမှာ ပေါ့”ဟု ပြောကြားသည်။

အဆိုပါ သံလွင်တံတား (ဘားအံ) တွင် ပြီးခဲ့သည့်  ဇူလိုင်လ ၃၁ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်ခန့်က တရုတ်လှ ဘက်ခြမ်း (ဘားအံဘက်ခြမ်း) ရှိ စစ်ဆေးရေး ဂိတ်‌ရှေ့တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ  လုံခြုံရေးတပ်ဖွဲ့ဝင် ခုနစ်ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ သည်။

ထို့အပြင် ကားဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးစစ်ဆေးရေးဂိတ် အဆောက်အအုံ များ ပျက်စီးခဲ့သည့်အပြင် မော်တေယ်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ် များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent