စပိန်လာလီဂါပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 26 April 2023

အက်သလက်တီကို - မာယော့ကာ (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)

နောက်ဆုံး (၃)ကြိမ်တွေ့ဆုံမှုမှာ (၃)ပွဲစလုံး မာယော့ကာ ကပဲအနိုင်ရထားတယ်။ ဒါပေမဲ့ လက်ရှိအက်သလက်တီကိုက စားပုံက တိုးတက်လာနေပြီး ပိုပြီးကျစ်လျစ်လာနေလို့ မာယော့ ကာတို့ ဒီတစ်ပွဲတော့ အနိုင်ရဖို့ မလွယ်လောက်တော့ဘူး။ မာ ယော့ကာရဲ့အဝေးကွင်းခံစစ်ကစားပုံ မဆိုးလှပေမဲ့ အိမ်ကွင်း ပွဲတွေမှာ ပွဲတိုင်းနီးပါးဂိုးရအောင်ကစားထားတဲ့ အက်သလက် တီကိုနဲ့ ဂိုးအနည်းပဲ ရွေးထားလိုက်တယ်။

ဂီတာဖေး - အယ်မယ်ရီယာ (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)

ဂီတာဖေးရဲ့ အိမ်ကွင်းကစားအားကို အဝေးကွင်းအား နည်းနေသေးတဲ့ အယ်မယ်ရီယာ တောင့်ခံနိုင်ဖို့မရှိပါဘူး။ အ ဝေးကွင်းနောက်ဆုံး (၃)ပွဲမှာ တစ်ပွဲ (၂)ဂိုးနှုန်းပေးထားရတဲ့ အယ်မယ်ရီယာခံစစ်ကို ဂီတာဖေးတိုက်စစ် ဂိုးရအောင်သွင်းနိုင် ဖို့ပဲ လိုပါလိမ့်မယ်။ ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။ 

ဆယ်လ်တာဗီဂို - အယ်လ်ချီ (ကြာသပတေးနံနက် ၂း၃၀ နာရီ)

လက်ရှိအယ်လ်ချီရဲ့အခြေအနေက တန်းဆင်းရဖို့ နီးစပ် နေပြီး ခြေစွမ်းကလည်း ဘယ်လိုမှ ပြန်တက်လာဖို့မရှိပါဘူး။ ဆယ်လ်တာဗီဂိုပဲ ရွေးထားမယ်။ ဂိုးလည်းများသွားလိမ့်မယ်။

ဗယ်လက်ကာနို - ဘာစီလိုနာ (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ဇာဗီလက်ထက်မှာ ဘာစီလိုနာဟာ ဗယ်လက်ကာနိုကို အနိုင်မရသေးဘူး။ နောက်ဆုံး (၃)ကြိမ်တွေ့ဆုံမှုမှာ (၂)ကြိမ်ရှုံး ပြီး ဒီရာသီပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ သရေပဲကစားထားနိုင်တယ်။ လက်ရှိဘာစီလိုနာကလည်း ဂိုးသွင်းနှုန်းကျဆင်းနေ ချိန်ဆိုတော့ ဗယ်လက်ကာနိုကွင်းမှာကစားရမယ့် ဒီပွဲကိုလည်း ခက်ခက်ခဲခဲကစားယူရဦးမှာသေချာတယ်။ ဒါပေမဲ့ ဘာစီလိုနာမှာ ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ဖရန်ကီဒီယွန်း၊ ပတ်ဒရီနဲ့ ဒမ်ဘီလီတို့ ပြန်လည်သက်သာလာပြီး ဒီပွဲမှာ တစ်ယောက်တလေ ပြန်ပါလာနိုင်ခဲ့ရင် ဘာစီလိုနာတိုက်စစ်အတွက် မျှော်လင့်ချက်ရှိနိုင်ပါတယ်။ ဘာစီလိုနာနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

Most Read

Most Recent