ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)  ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)  ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 26 April 2023

နော်တင်ဟမ် - ဘရိုက်တန် (ကြာသပတေးနံနက် ၁း၀၀ နာရီ)

နော်တင်ဟမ်က အိမ်ကွင်းမှာတော့ အမှတ်တွေစုဆောင်း နိုင်လေ့ရှိတယ်။ ဒါပေမဲ့ ဘရိုက်တန်က ခြေစွမ်းပိုင်းအများကြီး သာသလို၊ ရလဒ်ပိုင်းလည်း အရမ်းကောင်းနေတယ်။ ဘရိုက် တန်ပဲ နိုင်ပွဲရလိမ့်မယ်။ 

ဝက်စ်ဟမ်း - လီဗာပူးလ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဝက်စ်ဟမ်းရော လီဗာပူးလ်ပါ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ နိုင်ပွဲကိုယ်စီရခဲ့တယ်။ ဝက်စ်ဟမ်းအသင်းက ဘုန်းမောက်အသင်းရဲ့ကွင်းမှာ ပြသခဲ့တဲ့ခြေစွမ်းက တော်တော် လေး ကျေနပ်စရာကောင်းတယ်။ လီဗာပူးလ်ကလည်း တဖြည်း ဖြည်း ခြေပြန်မှန်လာတာ တွေ့ရတယ်။ အသင်းရဲ့တိုက်စစ် ပိုင်းမှာ ဂျိုတာ ခြေစွမ်းပြနေသလို၊ ဆာလာကလည်း အား ကိုးနေရဆဲဖြစ်တယ်။ ဝက်စ်ဟမ်းအသင်းရဲ့ခံစစ်က ကျော်ဖြတ် ရတာ မခက်လို့ လီဗာပူးလ်တိုက်စစ်က ဂိုးလည်း ရနိုင်ခြေရှိ တယ်။ အဓိကပြဿနာက လီဗာပူးလ်ခံစစ်ပဲ။ ဝက်စ်ဟမ်း လည်း အခွင့်အရေးရှိပါတယ်။ သရေကျသွားနိုင်တယ်။ 

ချယ်လ်ဆီး - ဘရန့်ဖို့ဒ် (ကြာသပတေးနံနက် ၁း၁၅ နာရီ) 

ချယ်လ်ဆီးအသင်းက လက်ရှိအချိန်အထိလည်း စိတ် မချရသေးဘူး။ လမ်းပတ်လက်ထက်မှာလည်း ရလဒ်တွေက စိတ်ပျက်စရာတွေချည်းပဲ။ ဘရန်ဖို့ဒ်အသင်းက ဥရောပဝင် ခွင့်တစ်နေရာ မျှော်လင့်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ လက်ရှိခြေစွမ်းအရဆိုရင် ကစားသမားအင်အားအရသာ ချယ်လ်ဆီးကို မယှဉ်နိုင်ရှိမယ်၊ အသင်းလိုက်ကစားပုံအပိုင်း မှာတော့ ဘရန်ဖို့ဒ်အသင်းကတောင် ပိုမိုမာကျောပြီး အား ကောင်းတာကိုတွေ့ရတယ်။ ချယ်လ်ဆီးကွင်းဆိုပေမဲ့လည်း စိတ်ချရတဲ့အနေအထားမဟုတ်ဘူး။ ဒီပွဲလည်း သရေကျသွား နိုင်ခြေရှိပါတယ်။ 

မန်စီးတီး - အာဆင်နယ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

မန်စီးတီးအသင်းရဲ့ကွင်းမှာ အာဆင်နယ်က ရလဒ်ကောင်းလေ့မရှိပါဘူး။ အစ်တီဟတ်က အာဆင်နယ်အတွက် ခက် ခဲကြမ်းတမ်းတဲ့ နေရာတစ်ခုဖြစ်တယ်။ အာဆင်နယ်က မန်စီးတီးရဲ့ ဖိအားပေးခြင်းခံရတဲ့ အခြေအနေကနေ လွတ်မြောက် အောင် မပြေးနိုင်ခဲ့ဘူး။ ဒီပွဲမတိုင်ခင်အထိ ရမှတ်ကွာဟမှုကို ထိန်းထားမှသာ မန်စီးတီးကွင်းမှာ အတိမ်းအစောင်းခံမှာ ဖြစ်ပေမဲ့ အခုအခြေအနေက အာဆင်နယ်အတွက် ဖိအားက ပိုကြီးသထက် ကြီးလာတယ်။ ခြေစွမ်းပိုင်းကလည်း ပိုပြီး ကွာလာတယ်။ မန်စီးတီးက ပွဲတိုင်း ဂိုးတွေ ခပ်လွယ်လွယ်သွင်းနေတာ တွေ့ရတယ်။ အာဆင်နယ်တိုက်စစ်ကလည်း ကစားပုံမဆိုးပါဘူး။ အထူးသဖြင့် မန်စီးတီးအသင်းကို တစ်ဦးချင်းစွမ်းရည်နဲ့ ဒုက္ခပေးနိုင်အောင် ကြိုးစားကြလိမ့်မယ်။ ပထမအကျော့တုန်းကလည်း ဒီပုံစံနဲ့ပဲ ကစားခဲ့တာပဲ။ ဒါပေမဲ့ ရှုံးပွဲတွေ့ခဲ့တယ်။ ခြေစွမ်းကတော့ ကောင်းခဲ့တယ်။ ဒီပွဲလည်း မန်စီးတီးကို အာဆင်နယ် အခက်တွေ့စေမှာပါ။ ဒါပေမဲ့ မန်စီးတီးပဲ နိုင်မယ်။ 

Most Read

Most Recent