၂၄ နှစ်ကြာပြီးနောက် (LIFE)

၂၄ နှစ်ကြာပြီးနောက် (LIFE)
Published 22 October 2022
AK

၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းရဲ့ မမေ့နိုင်စရာနောက်ခံလူ လီဇာရာဇူဟာ (၂၄) နှစ်ကြာပြီးနောက် ဘဝကို ပုံစံမျိုးစုံနဲ့ဖြတ်သန်းနေပါတယ်။ သူက အခုဆိုရင်အသက် (၅၂)နှစ်အရွယ် ရှိနေပါပြီ။ အခြားကစားသမားဟောင်းတွေလိုမျိုး ဘောလုံးလောကထဲ ကျင်လည်နေတာမဟုတ်ဘဲ မတူညီတဲ့စိန်ခေါ်မှုတွေကြား ပျော်မွေ့နေတာပါ။ သူက ၂၀၀၆ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့ပြီး တိုက်ခိုက်ရေးလောကထဲ တိုးဝင်ခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ဘရာဇီးလ်ဂျီုဂျစ်ဆု ဥရောပချန်ပီယံအဖြစ် သူ အောင် ပွဲခံခွင့်ရခဲ့ပါသေးတယ်။ သူက ဂျူဂျစ်ဆုခါးပတ်အနက် ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ ပင်လယ်ပြင်မှာရွက်လွှင့်ရင်း Surfer ဘဝကို ခုံမင်နေပါပြီ။ သူက ဘုတ်ပြားလေးပေါ်မှာ လှိုင်းတွေကို အံတုရင်း ကျော်ဖြတ်ရတဲ့ Surfer ဘဝအပြင် ပင်လယ်ပြင်ထဲ နောက်ထပ်အားကစားနည်းတစ်မျိုးနဲ့ သူ့ကိုယ်သူ အစမ်းသပ်ခံနေပါတယ်။ Hydrofoiling  လို့ အမည်ရတဲ့အားကစားနည်းတစ်မျိုးကို သူ နှစ်သက်နေတာပါပဲ။ 

 

Most Read

Most Recent