ဗယ်လက်ကာနို - ကာဒစ်ဇ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၆:၃၀ နာရီ)
အခုနောက်ပိုင်း ကာဒစ်ဇ်သရေပွဲတွေဆက်နေတယ်။ နောက်ဆုံးအဝေးကွင်း (၂)ပွဲဆက်မရှုံးခဲ့ဘူး။ ဗယ်လက်ကာနိုကလည်း အိမ်ကွင်းကစားပုံမှန်ပေမဲ့ ကာဒစ်ဇ်ရဲ့သရေထိန်းကစားနိုင်မှုကို ကျော်ဖြတ်ပြီး ဂိုးတွေရဖို့အတော်လေးကိုကြိုးပမ်းရလိမ့်မယ်။ ဂိုးအနည်းသရေပွဲလို့ပဲထင်တယ်။
ဗယ်လာဒိုလစ် - ဆိုစီဒက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၈:၄၅ နာရီ)
ဆိုစီဒက်တို့ ကွင်းမရွေးဘဲခြေစွာနေတယ်။ တိုက်စစ်ပိုင်းကလည်း လိုအပ်ရင်လိုအပ်သလိုဖွင့်ကစားပြီး ဂိုးတွေရအောင်လည်း ကစားနေနိုင်တယ်။ ဗယ်လာဒိုလစ်က ကစားပုံအားရစရာမရှိသေးတဲ့အပြင် တိုက်စစ်ပိုင်းကလည်းဂိုးသွင်းလျော့နေပုံနဲ့တော့ ဆိုစီဒက်ကိုယှဉ်ကစားဖို့မလွယ်ပါဘူး။ ဆိုစီဒက်နဲ့ ဂိုးအနည်းပါပဲ။
ဗလင်စီယာ - မာယော့ကာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၁၁:၀၀ နာရီ)
ဗလင်စီယာတို့ ကစားအားကောင်းလာပေမဲ့ ခံစစ်က စားပုံကစိတ်မချရသေးဘူး။ လာလီဂါနောက်ဆုံး (၅)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားပေမဲ့ နောက်ဆုံး (၄)ပွဲဆက်တိုက် ဂိုးတွေပေးထားရတာကိုကြည့်ရင် ဗလင်စီယာရဲ့အားနည်းချက်ကိုမြင်သာပါတယ်။ ဒါပေမဲ့ မာယော့ကာကလည်း တိုက်စစ်ပိုင်းအားနည်းနေသေးပြီး ခံစစ်ကိုပဲအားပြုကစားနေတာတွေ့ရတယ်။ ဒီပွဲရဲ့အဓိကအဖြေက ဗလင်စီယာတိုက်စစ်ဂိုးရနိုင်မလား ဆိုတာပဲ။ ဗလင်စီယာနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။
ရီးယဲလ်မက်ဒရစ် - ဆီဗီလာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၃ ရက် နံနက် ၁:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်အကြောင်းက ပြောစရာသိပ်မလိုဘူး။ လက်ရှိ ရီးယဲလ်က တည်ငြိမ်မှုအပြည့်နဲ့ နိုင်ပွဲတစ်ပွဲရအောင် ဘယ်လိုကစားယူရမလဲဆိုတာကောင်းကောင်းသိနေတဲ့အသင်း၊ ပြိုင်ပွဲစုံမှာ ရှုံးပွဲလုံးဝမရှိသေးဘဲ ရလဒ်ကောင်းတွေဆက်တိုက်ရယူနေတဲ့အသင်းပါ။ ဆီဗီလာကတော့ နည်းပြသစ် ဆမ်ပါအိုလီလက်ထဲမှာ ရှုံးပွဲမရှိသေးဘူး။ မာယော့ကာနဲ့အဝေးကွင်းပွဲမှာဆိုရင် ဒီရာသီရဲ့ပထမဦးဆုံးပေး ဂိုးမရှိနိုင်ပွဲကိုရအောင် ကစားသွားခဲ့တယ်။ နည်းပြသစ် ဆမ်ပါအိုလီကလည်း ဆီဗီလာရဲ့ အားအနည်းဆုံးဖြစ်နေတဲ့ ခံစစ်တန်းကိုပဲ အဓိကပြင်ဆင်နေတာတွေ့ရတယ်။ ဒါပေမဲ့ တိုက်စစ်နဲ့ ကွင်းလယ်ကတော့ စမ်းသပ် မှုတွေပြုလုပ်နေဆဲအခြေအနေပါ။ ဒါကြောင့်လက်ရှိမှာ ဆီဗီလာတို့ ခံစစ်ပိုင်းတိုးတက်လာပေမဲ့ ကစားပုံအရတော့ ဘာနေဗျူးမှာ မျှော်လင့်ချက်မရှိပါဘူး။ ရီးယဲလ်နဲ့ ဂိုးအနည်းပါပဲ။















