■ အားကစား၊ မီဒီယာနှင့် နည်းပညာလောကတွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု မက်ဆီ ဆို     

■ အားကစား၊ မီဒီယာနှင့် နည်းပညာလောကတွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု မက်ဆီ ဆို     
Photo: Getty Images
Photo: Getty Images
Published 21 October 2022

အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး မက်ဆီက ၎င်းအနေဖြင့် အားကစား၊ မီဒီယာနှင့် နည်းပညာလောကတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်သွားမည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ 

မက်ဆီ(၃၅ နှစ်)သည် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၎င်း၏ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်မည်ဟု အတည်ပြုထားခြင်းကြောင့် ကစားသမားဘဝမှ အနားယူတော့မည်ဟု ထင်ကြေးပေးခံထားရသည်။ 

ယင်းအခြေအနေတွင် ၎င်းက အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် အားကစား၊ မီဒီယာနှင့် နည်းပညာလောကတို့၌ ဖြန့်ကြက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယင်းအတွက် ပူးပေါင်းလုပ်ဆောင်မည့် ကုမ္ပဏီများလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent