■ မာရာဒိုနာ၏ ကမ္ဘာ့ဖလားဗိုလ်လုပွဲအင်္ကျီ အာဂျင်တီးနားသို့ ပြန်ရောက်     

■ မာရာဒိုနာ၏ ကမ္ဘာ့ဖလားဗိုလ်လုပွဲအင်္ကျီ အာဂျင်တီးနားသို့ ပြန်ရောက်     
Photo: Getty Images
Photo: Getty Images
Published 21 October 2022

အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ဝတ်ဆင်ခဲ့သည့် အင်္ကျီမှာ ယခုအခါ အာဂျင်တီးနားနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

၁၉၈၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းနှင့် အနောက်ဂျာမနီအသင်းတို့ ဆုံတွေ့ခဲ့ကြရာ ဂျာမန်ကွင်းလယ်လူ လိုသာမားသီးယပ်စ်က မာရာဒိုနာနှင့် အကျႌချင်း လဲခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းအင်္ကျီကို အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၁၉၈၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် မာရာဒိုနာ ဝတ်ဆင်ခဲ့သည့် ၎င်း၏ အင်္ကျီ  ပြန်လည်ရောက်ရှိလာခြင်းကြောင့် အာဂျင်တီးနားနိုင်ငံသားများသည် အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ယင်းအင်္ကျီႌကို လေလံတင်ရောင်းချဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent