ကာဒစ်ဇ် - ဘက်တစ် (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
ကာဒစ်ဇ် အိမ်ကွင်းကစားပုံတိုးတက်လာသလိုပဲ။ အိမ် ကွင်းနောက်ဆုံး (၂)ပွဲဆက် သရေကစားထားတယ်။ ဘက်တစ် ကလည်း အခုတလော အဝေးကွင်းမှာ ထိန်းကစားလွန်းနေပြီး ဂိုးသွင်းအားလည်း လျော့နေသလိုတွေ့ရတယ်။ ဂိုးနည်းမယ်။ သရေကျမယ့်ပွဲလို့ထင်တယ်။
ဗယ်လာဒိုလစ် - ဆယ်လ်တာဗီဂို (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
ဒီနှစ်သင်း အခုနောက်ပိုင်းတွေ့ဆုံမှုတွေမှာ သရေပွဲတွေ ချည်းဖြစ်နေတာတွေ့ရတယ်။ လက်ရှိဒီနှစ်သင်းရဲ့ ကစားအား ချင်းကလည်း မကွာလှပေမဲ့ ဆယ်လ်တာအဝေးကွင်း ရှုံးပွဲဆက် နေပုံနဲ့တော့ အိမ်ရှင်အသင်းရဲ့တိုက်စစ်ကို မနည်းတောင့်ခံက စားရဦးမှာပါ။ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
ဆိုစီဒက် - မာယော့ကာ (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
လတ်တလောခြေစွမ်းတွေအရတော့ ဂိုးမြုးပြီးနိုင်ပွဲတွေ ဆက်နေတဲ့ ဆိုစီဒက်ကို အနိုတာကွင်း မှာ မာယော့ကာယှဉ်နိုင်ဖို့ မရှိပါဘူး။ အစဉ်အလာတွေအရလည်း ဆိုစီဒက်ကပဲ တစ်ဖက် သတ်အသာစီးရနေလို့ ဒီတစ်ပွဲလည်း ဆိုစီဒက်ကိုပဲ ရွေးထားရ ဦးမယ်။ ဂိုးများသွားနိုင်တယ်။
အယ်လ်ချီ - ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ) ရီးယဲလ်အတွက် လာလီဂါပွဲဆက်ကာလကို သက်သောင့်သက်သာနဲ့ပဲ ကျော်ဖြတ် သွားမယ်ထင်တယ်။ ဘာစီလိုနာနဲ့ကစားအပြီး အခုတွေ့မှာက အယ်လ်ချီနဲ့ဆိုတော့ ရီး ယဲလ်အတွက်စိုးရိမ်စရာ မရှိလောက်ဘူးလို့ ယူဆရတယ်။ အယ်လ်ချီက နိုင်ပွဲ တစ်ပွဲစရ ဖို့တောင် အတော်လေးရုန်းနေရတဲ့ ဇယားအောက်ဆုံးကအသင်းပါ။ လက်ရှိအခြေအနေရ တော့ ရီးယဲလ်အနိုင်သေချာပေမယ့် ဂိုးပြတ်၊ မပြတ်ကတော့ စောင့်ကြည့်ရလိမ့်မယ်။















