ဆဲလ်ဖုန်း ၅ ဒသမ ၃ ဘီလျံသည် ၂၀၂၂ ခုနှစ်တွင် အမှိုက်များဖြစ်လာမည်

ဆဲလ်ဖုန်း ၅ ဒသမ ၃ ဘီလျံသည် ၂၀၂၂ ခုနှစ်တွင် အမှိုက်များဖြစ်လာမည်
(Photo – AFP)
(Photo – AFP)
Published 16 October 2022
Ref : AFP

ကမ္ဘာတစ်ဝန်း ပိုင်ဆိုင်ထားသော ခန့်မှန်းခြေ စမတ်ဖုန်းများ၏ ငါးဘီလျံကျော်ကို ၂၀၂၂ ခုနှစ်တွင် စွန့်ပစ်ဖွယ်ရှိသည် သို့မဟုတ် စုပုံထားဖွယ်ရှိသည်ဟု အောက်တိုဘာ ၁၃ ရက်တွင် ကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ပိုင်ဆိုင်ထားကြ သော အန္တရာယ်ရှိပစ္စည်းများကို ပြန်လည်သန့်စင် အသုံးပြုရန် ၎င်းတို့က ဆော်သြခဲ့သည်။

အသုံးမပြုသော စမတ်ဖုန်းများကို တစ်လုံးနှင့် တစ်လုံး ထပ်၍ ထားလိုက်ပါက ကီလိုမီတာ ၅၀၀၀၀ (မိုင် ၃၀၀၀၀) ကျော်မြင့်သွားမည်ဖြစ်ရာ နိုင်ငံတကာအာကာသစခန်းထက် အဆတစ်ရာကျော်ပိုမြင့်သွားမည်ဟု WEEE သုတေသနအဖွဲ့က ထုတ်ပြန်သည်။

အဖိုးတန်ရွှေ၊ ကြေးနီ၊ ငွေ၊ ပယ်လာဒီယမ်နှင့် ပြန်လည်သန့်စင်အသုံးပြုနိုင်သော အခြားကိရိယာအစိတ်အပိုင်းများ ပါဝင်နေသည့်တိုင် မလိုလားတော့သော စမတ်ဖုန်းအားလုံးနီးပါးကို သိမ်းဆည်းထားမည်၊ စုပုံထားမည် သို့မဟုတ် မီးရှို့ဖျက်ဆီးပစ်ရမည်ဖြစ်ရာ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုကို သိသိသာသာဖြစ်ပေါ်စေမည်ဖြစ်သည်။

“စမတ်ဖုန်းတွေဟာ ကျွန်တော်တို့အတွက် စိုးရိမ်စရာအကောင်းဆုံး အီလက်ထရွန်နစ် ပစ္စည်းတွေဖြစ်ပါတယ်”ဟု WEEE Forum ၏ အထွေထွေဒါရိုက်တာ ပါစကယ်လီရိုင်းက ပြောကြားသည်။ အဆိုပါအဖွဲ့သည် အကျိုးအမြတ်မယူသောအဖွဲ့အစည်းဖြစ်ပြီး စမတ်ဖုန်းထုတ်လုပ်သော ကုမ္ပဏီ ၄၆ ခုကို ကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်သည်။

“သူတို့မှာပါတဲ့ ရှားပါး ပစ္စည်းတွေကို ပြန်လည်သန့်စင်တာမျိုး မလုပ်ရင် သူတို့ကိုတရုတ်ဒါမှမဟုတ်ကွန်ဂိုတို့လို နိုင်ငံတွေမှာ မိုင်းနဲ့ ဖောက်ခွဲပစ်ရပါလိမ့်မယ်”ဟု လီ ရိုင်းက အေအက်ဖ်ပီကိုပြောသည်။

အသုံးမပြုတော့သော ဆဲလ်ဖုန်းများသည်ကား နှစ်စဉ်ထွက်ပေါ်လာသည့် သန့်စင်ခြင်း မပြုရသေးသော ကမ္ဘာ့အီလက်ထရွန်နစ် အမှိုက်တန်ချိန် ၄၄.၄၈ သန်း၏ အစွန်အဖျားလောက်သာရှိသေးသည်ဟု 2022 global e-waste monitor ၏ ထုတ်ပြန်ချက်အရ သိရသည်။        

လှည့်ပတ်သုံးစွဲခြင်း မပြုတော့သော ဖုန်းငါးဘီလျံထဲက အများစုကို အမှိုက်ပုံများထဲစွန့်ပစ်ခြင်းထက် သိုလှောင်သိမ်းဆည်းထားမည်ဟု ၂၀၂၂ ခုနှစ် ဇွန်လမှ စက်တင်ဘာလအတွင်း ဥရောပခြောက်နိုင်ငံတွင် လုပ်ဆောင်ခဲ့သည့် စစ်တမ်းတစ်ခု အရသိရသည်။

အိမ်ထောင်စုများ၊ လုပ်ငန်းများက ဆဲလ်ဖုန်းများကို ပြင်ဆင်ရန် သို့မဟုတ် ပြန်သုံး၍ရအောင် သန့်စင်ရန် လုပ်ဆောင်ခြင်းဆိုသည်ထက် အံဆွဲများ၊ ဗီရိုများ၊ စင်များနှင့် ကားဂိုဒေါင်များထဲတွင် မေ့မေ့ပျောက်ပျောက်ထားကြသည့်အခါ စမတ်ဖုန်းသိမ်းဆည်းမှု ဖြစ်လာသည်။ သာမန်ဥရောပမိသားစုတစ်စုတွင် လူတစ်ဦးသည် ပျမ်းမျှ ငါးကီလို(ရှစ်ပေါင်)ရှိသော e-divices လောလောဆယ် သိမ်းထားကြသည်ဟုဆိုသည်။

လေ့လာချက်အသစ်အရ ကွင်းဆင်းလေ့လာခဲ့သည့် အိမ်ထောင်စု ၈,၇၇၅ ခုသည် အီလက်ထရွန်နစ် ကိရိယာများကို သိမ်းထားရခြင်း၏ အဓိကအကြောင်းအရင်းမှာနောင်တွင် အသုံးပြုနိုင်ရန်ဖြစ်သည်ဟု သိရသည်။

နောက်ထပ် အိမ်ထောင်စု ၁၅ ရာခိုင်နှုန်းက စမတ်ဖုန်းများကို ရောင်းစားရန် သို့မဟုတ် သူများကိုပေးပစ်ရန် ရည်ရွယ်ချက်ဖြင့် သိမ်းထားခြင်းဖြစ်သည်ဟု ဆိုသည်။ အိမ်ထောင်စု ၁၃ စုမှာ သံယောဇဉ်ကြောင့် ၎င်းတို့ကို သိမ်းထားကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အရေးမပါဘူးလို့ထင်ရတဲ့ ဒီပစ္စည်းအားလုံးဟာ အဖိုးအများကြီးတန်တယ်ဆိုတာကို လူတွေက သိကြပုံမပေါ်ပါဘူး။ အဲ့ဒီတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆို အများကြီးဖြစ်လာတာဖြစ်ပါတယ်”ဟု လီရိုင်းက ပြောသည်။

သို့ရာတွင် ကုန်ကျစရိတ် များပြားခြင်းကြောင့် အီလက်ထရွန်နစ်အမှိုက်များကို ကိုယ့်ဆန္ဒနှင့်ကိုယ် ကောက်ယူခြင်းမျိုး ဘယ်တော့မှ လုပ်ဆောင်ခြင်းမပြုရဟုဆိုသည်။ ထို့ကြောင့် အဆိုပါ အမှိုက်များနှင့် ပတ်သက်၍ ဥပဒေလိုအပ်သည်။

ယခုလတွင် ဥရောပပါလီမန်က ဥပဒေသစ်တစ်ခုကို အတည်ပြုခဲ့သည်။ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှစ၍ စမတ်ဖုန်းသစ်များ၊ တက်ဘလက်သစ်များနှင့် ကင်မရာသစ်များအတွက် အားလုံးတပြေးညီရှိစေမည့် အားသွင်းစနစ်အဖြစ် USB-C ကိုစံသတ်မှတ်ကြောင်း ဥရောပသမဂ္ဂပါလီမန်က ဥပဒေပြဋ္ဌာန်းလိုက်သည်။

Most Read

Most Recent