ယူဂန်ဒါတွင် ကူးစက်မြန် အီဘိုလာကူးစက်ရောဂါဖြင့် သေဆုံးသူ ကိုးဦးအထိရှိလာသည်ဟု ယင်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ယူဂန်ဒါတွင် ကူးစက်မြန် အီဘိုလာကူးစက်ရောဂါဖြင့် သေဆုံးသူ ကိုးဦးအထိရှိလာသည်ဟု ယင်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
ယူဂန်ဒါ အီဘိုလာ ကုသရေးဌာရှိ အကာအကွယ်ဝတ်စုံဝတ်ကျန်းမာရေးဝန်ထမ်းများကို စက်တင်ဘာ  ၂၄ ရက်တွင် တွေ့ရစဉ် (Photo-AFP)
ယူဂန်ဒါ အီဘိုလာ ကုသရေးဌာရှိ အကာအကွယ်ဝတ်စုံဝတ်ကျန်းမာရေးဝန်ထမ်းများကို စက်တင်ဘာ  ၂၄ ရက်တွင် တွေ့ရစဉ် (Photo-AFP)
Published 4 October 2022
  Ref:AFP

ယူဂန်ဒါနိုင်ငံတွင် အီဘိုလာကူးစက်ရောဂါဖြစ်ပွားခြင်းမှ သေဆုံးသူစုစုပေါင်းသည် ကိုးဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုင်ငံအလယ်ပိုင်းတွင် အီဘိုလာကူး စက်ရောဂါဖြစ်ပွားနေသည်ဟု အာဏာပိုင်များက ကြေညာခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် ယင်းကူးစက်ရောဂါဖြင့်သေဆုံးသူ တိုးလာခြင်းဖြစ်သည်။

စက်တင်ဘာ ၃၀ ရက်တွင် သေဆုံးသူ ခုနစ်ဦးရှိခဲ့ရာမှ ယခုအခါသေသူနှစ်ဦး တိုးလာပြီး စုစုပေါင်းသေဆုံးသူ ကိုးဦးရှိလာခြင်းဖြစ်သည်။

ကုန်းတွင်းပိတ် ယူဂန်ဒါနိုင်ငံသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ကူးစက်မြန်အီဘိုလာ ကူးစက်ရောဂါဖြင့် ပထမဆုံးသေဆုံးမှုရှိခဲ့သည်ဟု လွန်ခဲ့သောလတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ အလယ်ပိုင်း မူဘင်ဒေးခရိုင်တွင် အီဘိုလာကူးစက်ရောဂါ ဖြစ်ပွားနေသည်ကြောင်း ကြေညာခဲ့သည်။

အီဘိုလာသည် သေစေတတ်သော သွေးလွန်ရောဂါဖြစ်ပြီး ၁၉၇၆ ခုနှစ်တွင် တွေ့ရှိခဲ့သည့် ဒီအာကွန်ဂိုနိုင်ငံရှိ မြစ်၏အမည်အတိုင်း နာမည်ပေးထားသော ကူးစက်ရောဂါဖြစ်သည်။

ခန္ဓာကိုယ်အရည်များမှတစ်ဆင့် လူချင်းကူးစက်သောရောဂါဖြစ်ပြီး အဓိကရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အော့အန်ခြင်း၊ သွေးထွက်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်သည်။

ကူးစက်ရောဂါများသည် အထူးသဖြင့် မြို့ပြပတ်ဝန်းကျင်များတွင် ထိန်းချုပ်ရန် ခက်ခဲသည်။

ယူဂန်ဒါတွင် အီဘိုလာကူးစက်ခံရသူ စုစုပေါင်းသည် ၄၃ ဦးရှိသည်ဟု အောက်တိုဘာ ၃ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက Twitter တွင် ထုတ်ပြန်ခဲ့ပြီး ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့သူ ၉၀၀ နီးပါးရှိသည်ဟု ဆိုသည်။

ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် လော့ဒေါင်းချခြင်းကို လွန်ခဲ့သောသီတင်းပတ်တွင် သမ္မတယိုဝီဂီမူဆီဗီနီက ငြင်းဆန်ခဲ့ပြီး ယခင်က မိမိတို့လုပ်ဆောင်ခဲ့သည့်အတိုင်း ယခုကူးစက်ရောဂါကို မိမိတို့အစိုးရက ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။

ကူးစက်ခံရသူများသည် ရောဂါလက္ခာမပြမီအချိန်ထိ ကူးစက်ခံရမှန်းမသိရပေ။ အီဘိုလာ၏ ရောဂါပျိုးချိန်မှာ နှစ်ရက်နှင့် ၂၁ ရက်အကြားကာလဖြစ်သည်ဟု သိရသည်။

လတ်တလောတွင် အီဘိုလာရောဂါကို ကာကွယ်ရန် သို့မဟုတ် ကုသရန် လိုင်စင်ရယူထားသည့် ဆေးဝါးပစ္စည်များမရှိပေ။ သို့ရာတွင် အီဘိုလာအတွက် စမ်းသပ်ဆေးဝါးအမျိုးမျိုးသည် ဖန်တီးဆဲအနေအထားဖြစ်သည်။

ဒီအာကွန်ဂိုနိုင်ငံနှင့် နယ်စပ်ထိစပ်နေသော ယူဂန်ဒါသည် အီဘိုလာကူးစက်ရောဂါ အချို့ကို ကြုံတွေ့ခဲ့သည့် နိုင်ငံဖြစ်ပြီး အနီးဆုံးအနေဖြင့် ၂၀၁၉ ခုနှစ်တွင် အီဘိုလာဖြင့် အနည်းဆုံးငါးဦး သေဆုံးခဲ့သည်။

ဒီအာကွန်ဂိုသည် လွန်ခဲ့သောသီတင်းပတ်ခြောက်ပတ်က အရှေ့ပိုင်း နော့ကီဗူးပြည်နယ်တွင် ထွက်ပေါ်လာခဲ့သော အီဘိုလာ ကူးစက်ရောဂါအဆုံးသတ်သွားပြီဟု လွန်ခဲ့သော သီတင်းပတ်တွင် ကြေညာခဲ့သည်။ ဒီအာကွန်ဂို၌ အီဘိုလာကူးစက်ကူးခံရသူ တစ်ဦးသာရှိတောသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားသည်။    

 

Most Read

Most Recent