ဘာစီလိုနာတစ်သင်းလုံး ဘိုင်ယန်ကို အနိုင်ယူချင်နေကြတယ် 

ဘာစီလိုနာတစ်သင်းလုံး ဘိုင်ယန်ကို အနိုင်ယူချင်နေကြတယ် 
Photos: AFP, Mundo Deportivo
Photos: AFP, Mundo Deportivo
Published 13 September 2022

ဒမ်ဘီလီက ပြီးခဲ့တဲ့နွေမှာ ဘာစီလိုနာက ထွက်ခွာဖို့ နီးစပ်ခဲ့ပြီးမှ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့သူပါ။ အသက် (၂၅)နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမားက နည်းပြဇာဗီရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနေပြီး ချန်ပီယံလိဂ်ပွဲစဉ် (၁)မှာ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ခဲ့သလို လာလီဂါမှာလည်း (၂)ဂိုးသွင်း၊ (၂)ဂိုး ဖန်တီးပေးထားပြီး သူနဲ့ လီဝန်ဒေါစကီးအတွဲက ဘာစီလိုနာတိုက်စစ်ရဲ့ အဓိကအသက်သွေးကြောအဖြစ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပေမဲ့ လက်ရှိ အကောင်းဆုံးပုံစံရနေတဲ့ ဒမ်ဘီလီကို ဇာဗီကလည်း နေမာရဲ့ အကောင်းဆုံးအချိန်တွေ နဲ့ ခိုင်းနှိုင်းချီးကျူးထားပါတယ်။ စပိန်သတင်းစာ Mundo Deportivo နဲ့ တွေ့ဆုံရာမှာ ဒမ်ဘီလီက ဒဏ်ရာတွေက နိုးထလာခဲ့ရပုံနဲ့ ဇာဗီ၊ လီဝန်ဒေါစကီး တို့အကြောင်း အခုလိုပဲဖြေကြားခဲ့ပါတယ်။

 

Most Read

Most Recent