ယူကရိန်း အရှေ့ပိုင်း ခါကိဗ်ဒေသတွင် ယူကရိန်းတပ်များ၏ တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်များ ပြန်လည်ဆုတ်ခွာ

ယူကရိန်း အရှေ့ပိုင်း ခါကိဗ်ဒေသတွင် ယူကရိန်းတပ်များ၏ တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်များ ပြန်လည်ဆုတ်ခွာ
Published 11 September 2022
Ref: AFP

စက်တင်ဘာ ၁၀ ရက်က ခါကိဗ်ဒေသရှိ ဘလက်လိုင်ယာမြို့တွင် ရုရှား၏ BTR -80 ကျည်ကာကားများကို တွေ့ရစဉ် (Photo: AFP)

ယူကရိန်းအစိုးရက ၎င်းတို့၏ လျင်မြန်သည့် တန်ပြန်ထိုးစစ်ဆင်မှုတွင် နယ်မြေအများအပြားကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ချိန်တွင် ယူကရိန်းအရှေ့ပိုင်း ခါ ကိဗ်ဒေသမှ ၎င်းတို့ စစ်သားများကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း ရုရှားက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အရှေ့ပိုင်းဒိုးနက်ဒေသ၏ နေရာဒေသ အချို့တွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်း တပ်ဖွဲ့များကို ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည် ဟု ရုရှား၏ ကျောထောက်နောက်ခံကို ရရှိ ထားသည့် ခွဲထွက်ရေးခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။

ယူကရိန်းအရာရှိတစ်ဦးကလည်း မိမိ တို့တပ်ဖွဲ့များသည် ဇူလိုင်လက ပြင်းထန် သည့် အမြောက်ပစ်အားများဖြင့် ရုရှားတပ် များ၏ သိမ်းပိုက်မှုကို ခံခဲ့ရသည့် လိုင်ဆက် ချန့်စ်မြို့အနီးသို့ ရောက်ရှိနေကြောင်း ပြော ကြားခဲ့သည်။

တပ်ဖွဲ့များပြန်လည်ဆုတ်ခွာနေရသည် ဟု ကြေညာခဲ့သည့် ရုရှား၏ ထုတ်ပြန်ချက် သည် ယခင်က ရုရှားတို့ လွှမ်းမိုးခဲ့သည့် ယူ ကရိန်းအရှေ့ပိုင်းဒေသတွင် လနှင့်ချီ တိုက် ပွဲများဖြစ်ပွားခဲ့ပြီးနောက် သိသာထင်ရှား သည့်အရှိန်အဟုန်တစ်ခုအဖြစ် ကူပီယန်စ် မြို့အတွင်းသို့ ၎င်းတို့တပ်ဖွဲ့များဝင်ရောက် ခဲ့သည်ဆိုသည့် ယူကရိန်းအစိုးရ၏ ကြေညာ ချက်နှင့် ယှဉ်တွဲထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒိုးနက်ဒေသက စစ်မြေပြင်မှာ စစ်အင် အားဖြည့်တင်းပေးဖို့ ဘလက်လိုင်ယာနဲ့ အစ်ဇ်ယမ်ဒေသမှာ တပ်စွဲထားတဲ့ ရုရှားစစ် သားတွေကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ ပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

လူဦးရေ ၂၇၀၀၀ ခန့် နေထိုင်သည့် ကူပီယန့်စ် မြို့အတွင်းပြောက်ကျားဝတ်စုံများ ဝတ်ဆင်ထားပြီး လက်နက်များကိုင်ဆောင် ထားသည့် အရာရှိများ၏ ရုပ်ပုံများကို ယူက ရိန်း အထူးတပ်ဖွဲ့က လူမှုမီ ဒီယာများပေါ်တွင် တင်ခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာ ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းစစ်သားများသည် ခါကိဗ်ဒေ သရှိ ဗက်စီလန်ကိုဗိုနှင့် အာတီမစ်ဗ်ကာမြို့ တို့ကို လွတ်မြောက်စေခဲ့ကြောင်း သမ္မတ ဗို လိုဒီမာ ဇယ်လန်စကီးက စက်တင်ဘာ ၁၀ ရက်တွင် နေ့စဉ်ထုတ်လွှင့်နေကျ မိန့်ခွန်းအ တွင်း ပြောကြားခဲ့သည်။

“ဒီရက်ပိုင်းတွေမှာ ရုရှားစစ်တပ်ဟာ သူတို့ရဲ့ အကောင်းဆုံးအပိုင်းကို ကျွန်တော် တို့ကို ပြသခဲ့ပါတယ်။ အဲဒါကတော့သူတို့ရဲ့ နောက်ကျောပါပဲ။ ကျူးကျော်သူတွေအတွက် ယူကရိန်းမှာ နေစရာမရှိပါဘူး။ ဘယ်တော့မှ လည်း ရှိလာမှာမဟုတ်ပါဘူး” ဟု ဇယ်လန် စကီးက ပြောကြားခဲ့သည်။

ရုရှားသည် လာမည့်ဆောင်းရာသီ ရက် ပေါင်း ၉၀ ကာလအတွင်း ယူကရိန်း၊ဥရောပ နှင့်ကမ္ဘာကြီး၏ ခံနိုင်ရည်ကို ချိုးဖျက်ရန် အ ရာအားလုံးလုပ်ဆောင်နေသည်ဟု ဇယ်လန် စကီးက ရုရှား၏ စွမ်းအင်စျေးနှုန်းများကို မြင့် တက်စေရန် လုပ်ဆောင်မှုကို ရည်ညွှန်းပြီး နှစ်စဉ်ပြုလုပ်နေကျ Yalta ဥရောပ မဟာဗျူ ဟာ ဖိုရမ်တွင် ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် အမြောက်ပစ်အားများဖြင့် ရုရှားတို့ သိမ်းယူထားသည့် ယူကရိန်းအရှေ့ပိုင်း ခါကိဗ်ဒေသတွင် နောက်ထပ် နယ်မြေလွှမ်းမိုးမှုများ ပြုလုပ်နိုင် လိမ့်မည်ဟုလည်း လေ့လာစောင့်ကြည်သူ များက မျှော်မှန်းထားသည်။

                                                          Ref: AFP

Most Read

Most Recent