ရီနာတိုဆန်းချက်စ်အား အငှားဖြင့်ခေါ်ယူရန် PSG အသင်း သဘောတူညီမှုရရှိ

ရီနာတိုဆန်းချက်စ်အား အငှားဖြင့်ခေါ်ယူရန် PSG အသင်း သဘောတူညီမှုရရှိ
Photo: Getty Images
Photo: Getty Images
Published 4 August 2022

PSG အသင်းသည် လိုင်လီအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် ရိုးမားအသင်းထံ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့မည့် အသင်းကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒမ်း၏နေရာတွင် အစားထိုးရန်အတွက် ရီနာတိုဆန်းချက်စ်ကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် အသက် (၂၄) နှစ်အရွယ် ရီနာတိုဆန်းချက်စ်ကို ကနဦး တစ်ရာသီအငှားဖြင့် ခေါ်ယူမည်ဖြစ်ပြီး အငှားစာချုပ်ပြည့်ပါက ယူရို (၁၅) သန်းဖြင့် အပြီးသတ်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ရီနာတိုဆန်းချက်စ်သည် ပြီးခဲ့သည့်ရာသီက လိုင်လီအသင်းအတွက် ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၂) ဂိုး သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent