မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက် မေယု (၄) လမ်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဇူလိုင် ၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြောက်ဥက္ကလာမြို့နယ် (ခ) ရပ်ကွက် မေယု လမ်းနှင့် မေယု (၄) လမ်းထောင့်တွင် အမျိုး သားတစ်ဦး လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်ကြောင်း အဆို ပါနေရာအနီး နေသူများထံမှ သိရသည်။
“မေယု (၄) လမ်းထိပ်မှာ ဖြစ်တာပါ။လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့သူ အပစ်ခံရ တယ်လို့ သိရတယ်။ သေနတ်သံ နှစ်ချက်သုံး ချက်လောက်တော့ ကြားလိုက်ရတယ်” ဟု အဆိုပါ နေရာအနီးနေသူတစ်ဦးက ပြော ကြားသည်။
သေနတ်ဖြင့် အပစ်ခံရသည့် အမျိုးသား အား ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးမှု ရှိ-မရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
“သေနတ်နဲ့ အပစ်ခံရတာ။ သေ-မသေ တော့ မသိဘူး။ ဆေးရုံကို ပို့လိုက်ကြတယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြော ကြားသည်။
အခင်းဖြစ်ပွားပြီးနောက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ မြောက်ဒဂုံမြို့နယ် ပင်လုံလမ်း နှင့် သင်းဝင်လမ်းထောင့်မီးပွိုင့်တွင် တောင် ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာတစ်ဦး သေ နတ်ဖြင့် ပစ်သတ်ခံရမှု ဇွန် ၂၉ ရက် ည ၈ နာရီခွဲက ဖြစ်ပွားခဲ့သည်။
မြောက်ဒဂုံမြို့နယ် ၄၆ လမ်းဆုံဘက်မှ ပင်လုံလမ်းအတိုင်း ဘေလီတံတားဘက်သို့ ဦးဝင်းမြင့်ဇော်က Kluger အနက်ရောင် ယာဉ်ကို မောင်းနှင်လာစဉ် ပင်လုံလမ်းနှင့် သင်းဝင်လမ်းထောင့် မီးပွိုင့်အရောက်တွင် အမည်မသိသေနတ်သမားက ဦးဝင်းမြင့် ဇော်အား ပစ်သတ်ခဲ့ကြောင်း အနီးနေထိုင် သူများက ပြောကြားသည်။
သေနတ်ဖြင့် အပစ်ခံရသည် အမျိုးသား မှာ မေးစေ့ယာဘက် ထိမှန်ဒဏ်ရာတစ်ချက်၊ လက်ဝဲဘက်ပါးဖောက်ဝင် ဒဏ်ရာတစ်ချက်၊ လက်ဝဲဘက်နံဘေး ဖောက်ဝင်ဒဏ်ရာနှစ် ချက်၊ လက်ယာဘက်နံဘေး ဖောက်ဝင်ဒဏ် ရာနှစ်ချက်နှင့် ကျောကုန်းလက်ယာဘက် ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိပြီး အခင်း ဖြစ်နေရာတွင် သေဆုံးသွားကြောင်း၊ ပစ်ခတ် မှုဖြစ်ပွားခဲ့သည့်နေရာတွင် ကျည်ခွံခြောက်ခု၊ ကျည်ထိပ်ဖူးတစ်ခုနှင့် ကျည်တစ်ထောင့်တို့ ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူအမျိုးသား မှာ တောင်ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာ ဦး ဝင်းမြင့်ဇော်ဖြစ်ပြီး မရမ်းကုန်းမြို့နယ်နေထိုင် သူဖြစ်ကြောင်း သိရသည်။
ထို့အတူ တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ် ကွက်၊ အောင်ချမ်းသာ ၂ လမ်းထောင့် ကွမ်း ယာဆိုင်ရှေ့တွင် အမျိုးသားတစ်ဦး ဇွန် ၁၅ ရက် နံနက် ၈ နာရီခန့်က သေနတ်ဖြင့်ပစ်သတ် ခံရမှု ဖြစ်ပွားခဲ့သည်။
အဆိုပါအမျိုးသားသည် ယခင်က တောင်ဒဂုံမြို့နယ် ၇၀ ရပ်ကွက်တွင်နေထိုင်ခဲ့ ပြီးနောက် ၆၉ ရပ်ကွက်သို့ရွှေ့ပြောင်းသွား ကြောင်း၊ ငွေတိုးချေးသူအဖြစ်လည်းကောင်း၊ ငွေချေးသူများအား လိုက်လံတောင်းပေးသူအဖြစ်လည်းကောင်း လုပ်ကိုင်သူတစ်ဦးဖြစ် ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုး သားမှာ အသက် ၄၀ နှစ်ကျော်အရွယ်ခန့် ဦးဘိုမင်းသူဆိုသူဖြစ်ပြီး ၎င်းင်း၏ သားဖြစ်သူ ကို ကျောင်းပို့ပြီးပြန်လာစဉ် လမ်း၌ ပစ်သတ် ခံရခြင်းဖြစ်သည်။















