■ Ballon d'Or ဆုအတွက် ရူဘီယာလက်စ်ကို ရာမို့စ် အကူအညီတောင်းခဲ့ဖူး

■ Ballon d'Or ဆုအတွက် ရူဘီယာလက်စ်ကို ရာမို့စ် အကူအညီတောင်းခဲ့ဖူး
Photo: Marca
Photo: Marca
Published 1 July 2022

PSG အသင်း၏ နောက်ခံလူ ရာမို့စ်သည်  ရီးယဲလ်အသင်းတွင် ရှိစဉ်က Ballon d'Or ဆုအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်ထံ အကူအညီတောင်းခဲ့ဖူးကြောင်း သိရသည်။

    

ရာမို့စ်သည် ၂၀၁၈ ခုနှစ်က ရီးယဲလ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အတွက် Ballon d'Or ဆုအတွက် မျှော်လင့်နိုင်သည့်အနေအထား ဖြစ်ခဲ့သည်။ 

ထို့ကြောင့် ရူဘီယာလက်စ်ထံ အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၈  ခုနှစ်အတွင်းက ရာမို့စ်နှင့် ရူဘီယာလက်စ်တို့ ၏ မက်ဆေ့ချ်ပေးပို့ခဲ့မှု မှတ်တမ်းကို Marca က ဖော်ပြခဲ့သည်။  

ရာမို့စ်က ရူဘီယာလက်စ်ထံ ပေးပို့ခဲ့သည့် မက်ဆေ့ချ်၌ "ဘာအကြောင်းနဲ့မှ ကျွန်တော် ခင်ဗျားကို မေးခွန်းမထုတ်ခဲ့ဖူးတာ ခင်ဗျား သိပါတယ်။ ဒီနေ့ကတော့ ကျွန်တော့်ရဲ့ အလွန်ထူးခြားတဲ့ နှစ်တစ်နှစ်အတွက် ခင်ဗျားရဲ့အကူအညီကို ရရှိချင်လို့ပါ"ဟု ရေး သားခဲ့ခြင်းဖြစ်သည်။ 

ရူဘီယာလက်စ်ကလည်း  ရာမို့စ်၏ ခြေစွမ်းပြခဲ့မှုအတွက် ဂုဏ်ယူကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။ 

Most Read

Most Recent