ရေစကြိုမြို့နယ် ဇယမကျေးရွာတွင် ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် လူနှစ်ဦး အသတ်ခံရပြီးဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်နှင့် အလှူငွေ ကျပ်သိန်း ၂၀ ကို ယူဆောင်သွား

ရေစကြိုမြို့နယ် ဇယမကျေးရွာတွင် ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် လူနှစ်ဦး အသတ်ခံရပြီးဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်နှင့် အလှူငွေ ကျပ်သိန်း ၂၀ ကို ယူဆောင်သွား
Published 29 May 2022

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် တွင် PDF အဖွဲ့က ကျောင်းထိုင်ဆရာတော်အား သတ်ဖြတ်၍ ကျောင်းပိုင်မော်တော်ယာဉ်နှင့် အလှူငွေ ကျပ်သိန်း ၂၀ အား ယူဆောင်သွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မေ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့် က ရေစကြိုမြို့နယ် ဇယမကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင် ၃၀ ခန့် မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာပြီး ကျေးရွာတွင် နေထိုင်သည့် ဦးဇော်ဝေ (၄၀ နှစ်) နှင့် ၎င်းင်း၏ဇနီးဖြစ် ဒေါ်သင်းသင်းနွယ် (၄၀ နှစ်)တို့အား ၎င်းတို့နေအိမ်အတွင်း၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် PDF အဖွဲ့ဝင်များသည် ကျေး ရွာဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသောမာလေက သက်တော် (၆၁ နှစ်) ၊ ၀ါတော် (၄၁ ၀ါ) အား သေနတ်ဖြင့် ထပ်မံပစ်ခတ်သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းအတွင်းထားသည့် အလှူငွေကျပ် သိန်း ၂၀၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျောင်းပိုင်မော်တော်ယာဉ်တစ်စီးတို့ လုယက်ယူဆောင်သွားကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဘုန်းတော်ကြီးများ၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်၍ လုယက်မှုများ ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် မေ ၁၂ ရက်အထိ အဖွဲ့အစည်းအချို့၏ သတ်ဖြတ်မှုကြောင့် သတ်ဖြတ်ခံခဲ့ရသည့် သံဃာ ၄၃ ပါး၊ ဒဏ်ရာရရှိခဲ့သည့် သံဃာ ခုနစ်ပါး နှင့် ပျောက်ဆုံးနေသည့် သံဃာငါးပါးရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သတ်ဖြတ်မှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သံဃာ ၁၈ ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာတစ်ပါးဒဏ်ရာရရှိကာ သံဃာလေးပါး ပျောက်ဆုံးနေကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် သတ်ဖြတ်မှုကြောင့် သံဃာ နှစ်ပါးပျံလွန် ခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးတွင် သံဃာ ၁၁ ပါး ပျံလွန်ခဲ့ပြီး သံဃာနှစ်ပါး ဒဏ်ရာရရှိကာ သံဃာတစ်ပါး ပျောက်ဆုံးနေကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း သတ်ဖြတ်မှုများကြောင့် သံဃာငါးပါး ပျံလွန်၍ သံဃာတစ်ပါးဒဏ်ရာရရှိခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သတ်ဖြတ်မှုကြောင့် သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကချင်ပြည်တွင် သံဃာတစ်ပါး သတ်ဖြတ်ခံရပြီး သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း၊ ချင်းပြည်နယ်တွင် သတ်ဖြတ်မှုကြောင့် သံဃာတစ်ပါး ပျံလွန်ခဲ့ကြောင်းနှင့် မွန်ပြည်နယ်တွင် သံဃာလေးပါး သတ်ဖြတ်ခံခဲ့ရပြီး ရှမ်းပြည်နယ်တွင် သတ်ဖြတ်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent