ဘာပေကို တစ်နှစ်အသားတင်လစာ ပေါင်(၄၂)သန်းဖြင့် PSG ကမ်းလှမ်း

ဘာပေကို တစ်နှစ်အသားတင်လစာ ပေါင်(၄၂)သန်းဖြင့် PSG ကမ်းလှမ်း
Photo: AS
Photo: AS
Published 3 March 2022

PSG အသင်းသည်  ပြင်သစ်တိုက်စစ်မှူး ဘာပေကို တစ်နှစ်အသားတင်လစာ ပေါင် (၄၂)သန်းဖြင့် စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းထားကြောင်း AS က ဖော်ပြခဲ့သည်။

ဘာပေ (၂၃ နှစ်)သည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်သို့ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသည်။

သို့သော် PSG အသင်းသည် ဘာပေကို အသင်းတွင်ဆက်ထိန်းရန် အသည်းအသန်ကြိုးပမ်းနေပြီး တစ်နှစ်အသားတင်လစာ ပေါင် (၄၂)သန်းအပြင် စာချုပ်လက်မှတ်ထိုးကြေး ပေါင် (၈၃)သန်း ပေးချေမည်ဟု ကမ်းလှမ်းထားကြောင်း AS က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

PSG အသင်းက (၂)နှစ်စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ဘာပေအနေဖြင့် အသားတင်လစာ တစ်ပတ်ပေါင်(၈၀၀၀၀၀)အထိ ရရှိမည်ဖြစ်သည်။

Most Read

Most Recent