လူကာကူ ရုန်းကန်ရသည့်အကြောင်းရင်းကို ကာပယ်လို သုံးသပ်

လူကာကူ ရုန်းကန်ရသည့်အကြောင်းရင်းကို ကာပယ်လို သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 24 February 2022

အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက ချယ်လ်ဆီးအသင်းတွင် လူကာကူ ရုန်းကန်နေရခြင်းမှာ ချယ်လ်ဆီးအနေဖြင့် တန်ပြန်တိုက်စစ် မကစားခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

လူကာကူ(၂၈ နှစ်)သည် ပြီးခဲ့သည့် (၂)ရာသီအတွင်း အင်တာမီလန်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုရာသီ ချယ်လ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည်။

''လူကာကူက အင်တာမှာ ကွန်တီရဲ့ တန်ပြန်တိုက်စစ်ကစားတဲ့ဟန်နဲ့ အံဝင်ပါတယ်။ ချယ်လ်ဆီးက အတိုပေးတွေနဲ့ ကစားတဲ့အသင်းဖြစ်ပြီး နေရာလွတ်သိပ်မရှိတာကြောင့် လူကာကူ ရုန်းကန်နေရတာပါ''ဟု ကာပယ်လိုက ပြောကြားခဲ့သည်။ 

Most Read

Most Recent