တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၇ ရက် က ပေကျင်းအိုလံပစ်ပြိုင်ပွဲအတွက် တာဝန် ရှိသူတစ်ဦးက ထိုင်ဝမ်နှင့် ရှင်ကျန်းဒေသအရေးတို့နှင့်ပတ်သက်ပြီး နိုင်ငံရေးဆန်သည့် မှတ်ချက်စကားများ ပြောကြားခဲ့မှုအတွက် နိုင်ငံတကာ အိုလံပစ်ကော်မတီ အကြီးအကဲ သောမတ်ဘက်ချ်ကဖေဖော်ဝါရီ ၁၈ ရက်တွင် ဝေဖန်ပြစ်တင်ခဲ့ပြီး အိုလံပစ်ပွဲစီစဉ်သူများကို နိုင်ငံရေးနှင့် ဆက်နွှယ်မှုမရှိစေရန် သတိ ပေးရန်အတွက် အစည်းအဝေးတစ်ရပ် ချက် ချင်းခေါ်ယူခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်က နေ့စဉ်ပြုလုပ်နေ ကျ သတင်းစာရှင်းလင်းပွဲတွင် အိုလံပစ်ပိတ်ပွဲ အခမ်းအနား၌ ထိုင်ဝမ်၏တည်ရှိမှုနှင့် ပတ်သက်ပြီး IOC ပြောရေးဆိုခွင့်ရှိသူ မာ့ခ် အဒမ်စ်ကို သတင်းထောက်များက မေးမြန်းခဲ့သည်။အဒမ်စ်၏ မှတ်ချက်စကားများအပြီးတွင် ပေကျင်းအိုလံပစ် ပြောရေးဆိုခွင့်ရှိသူ ယန်ကျားယုံက တရုတ်တစ်နိုင်ငံတည်းသာ ရှိသည်ဟု ပြောကြားခဲ့သည်။
၎င်း၏ပြောကြားချက်အရ ဒီမိုကရေစီ နည်းကျအုပ်ချုပ်နေသည့် ထိုင်ဝမ်သည် ၎င်းင်း ၏နယ်နိမိတ်ဖြစ်သည်ဟု ကြေညာထားသည့် တရုတ်၏ ရပ်တည်ချက်ကို ထပ်လောင်းဖော်ပြရာ ရောက်ခဲ့သည်။
ဆက်လက်၍ သတင်းထောက်တစ်ဦးက အဝတ်အထည်များတွင် အသုံးပြုသည့် တရုတ်၏ ရှင်ကျန်းဒေသထွက် ကုန်ပစ္စည်းနှင့် ပတ်သက်ပြီး IOC ကို မေးမြန်းခဲ့ရာ ယန်က “ရှင်ကျန်းဒေသမှာ အတင်းအဓမ္မ အလုပ်စေ ခိုင်းမှုတွေရှိနေတယ်ဆိုတဲ့ ပြောကြားချက်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့ တွေရဲ့ လိမ်ညာမှုတွေဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
OICဥက္ကဌ သောမတ်ဘက်ချ်ကမူ “ဒီ ပြဿနာကို ကျွန်တော်တို့ လျစ်လျူရှုမထားပါဘူး။ ကျွန်တော်တို့ဟာ ပေကျင်းအိုလံပစ်ပွဲစီစဉ်သူတွေနဲ့ ချက်ချင်းဆက်သွယ်ပြီး အိုလံပစ် ပြိုင်ပွဲနဲ့ နိုင်ငံရေးကို သီးခြားစီရှိစေဖို့ ထပ်မံ ပြောကြားခဲ့ပါတယ်”ဟု ဆိုသည်။
ရှင်ကျန်းဒေသမှ အထည်အလိပ်ကုမ္ပဏီ အချို့သည် ယင်းဒေသတွင် ဝီဂါမွတ်စလင်များ အနိုင်ကျင့်ခံနေရမှုကို လျစ်လျူရှုနေသည် ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခဲ့သည်။
တရုတ်ကမူ ရှင်ကျန်းတွင် အကျဉ်းစခန်း များရှိနေသည်ဆိုသည့် ပြောကြားချက်များကို ငြင်းဆိုခဲ့ပြီး အနိုင်ကျင့်မှုများရှိနေသည်ဆို သည့် စွပ်စွဲချက်အားလုံးကို ငြင်းပယ်ခဲ့သည်။
တရုတ်၏လူ့အခွင့်အရေးအခြေအနေ ကို အကြောင်းပြပြီး အမေရိကန်၊ ဗြိတိန်နှင့် အနောက်နိုင်ငံအချို့သည် ပေကျင်းအိုလံပစ်ကို သံတမန်နည်းအရ သပိတ်မှောက်ခဲ့သည့် အချိန်တွင် OIC သည် ပေကျင်းအိုလံပစ်နှင့် နိုင်ငံရေးကို သီးခြားစီခွဲရန် ကြိုးပမ်းခဲ့သည်။
ထို့ပြင် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲဝင်နေချိန်နှင့် ဆုလက်ခံသည့် စင်မြင့်ထက်တွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ပြောဆိုချက်များကို တားမြစ်ထားသည့် OIC ၏ စည်းကမ်းချက်ကို လိုက်နာရန် ညွှန်ကြား ခဲ့သည်။
ယင်းစည်းကမ်းချက်ကို ပြီးခဲ့သည့်နှစ်က တိုကျိုအိုလံပစ်ပြိုင်ပွဲမတိုင်မီ အနည်းငယ် ပြင်ဆင်ခဲ့ပြီး ပြိုင်ပွဲဝင်များအနေဖြင့် OIC ၏ ခွင့်ပြုချက်ကို ဦးစွာရယူပြီး ကစားကွင်းအတွင်း ဆန္ဒပြမှုအချို့ ပြုလုပ်ခွင့်ပေးခဲ့သည်။
ထိုင်ဝမ်သည် အိုလံပစ်ပြိုင်ပွဲ အပါအဝင် နိုင်ငံတကာ အားကစား ပြိုင်ပွဲအများစုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း တရုတ်တစ်နိုင်ငံ တည်းမူဝါဒကို ဆုပ်ကိုင်ထားသည့် တရုတ် အစိုးရ၏ အပြင်းအထန်တောင်းဆိုမှုကြောင့် တရုတ် တိုင်ပေ ဟူသည့်အမည်ဖြင့်သာ ပြိုင်ပွဲဝင်ခွင့်ရခဲ့သည်။ ထိုင်ဝမ်က ၎င်းသည် OIC ၏ အကြောင်းကြားစာများကြောင့် ပေကျင်း အိုလံပစ် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။














