ယူကရိန်းနယ်စပ်အနီးမှ တပ်များကို ရုပ်သိမ်းနေပြီဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း တပ်ရုပ်မှုကို သက်သေပြရန် အမေရိကန် စိန်ခေါ်

ယူကရိန်းနယ်စပ်အနီးမှ တပ်များကို ရုပ်သိမ်းနေပြီဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း တပ်ရုပ်မှုကို သက်သေပြရန် အမေရိကန် စိန်ခေါ်
ဖေဖော်ဝါရီ ၁၈ ရက်က ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောပုံတွင် ရုရှားစစ်သားများကိုတွေ့ရစဉ်
ဖေဖော်ဝါရီ ၁၈ ရက်က ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောပုံတွင် ရုရှားစစ်သားများကိုတွေ့ရစဉ်
Published 18 February 2022
Ref : AFP

အနောက်နိုင်ငံများ၌ စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည့် စစ်ရေးလေ့ကျင့်မှုများ ပြီးဆုံးခဲ့ပြီးနောက် ယူကရိန်းနယ်စပ်အနီးရှိ ဒေသများမှ နောက်ထပ်တင့်ကားများနှင့် သံချပ်ကာယာဉ်များ ရုပ်သိမ်းခြင်းကို စတင် ဆောင်ရွက်နေပြီဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့သည်။

“အချိန်ဇယားအတိုင်း လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးသွားပြီးနောက် အနောက်ဘက်စစ်ဒေသရဲ့ တင့်ကားတပ်ဖွဲ့  က စစ်သားတွေနဲ့ စစ်လက်နက်ကိရိယာတွေ ကို သယ်ဆောင်လာတဲ့ နောက်ထပ်စစ်ရ ထားတစ်စင်းဟာ အဲ့ဒီတပ်ရဲ့အမြဲတမ်းအခြေစိုက်စခန်းရှိရာ နစ်ဇနီနော့ဂိုရော့ကို ပြန်လာခဲ့ပါတယ်”ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

Su-24စစ်လေယာဉ် ၁၀ စင်းကိုလည်း ရုရှားတိုက်ခိုက်သိမ်းယူထားသော ခရိုင်းမီးယားကျွန်းဆွယ်မှ အခြားဒေသများရှိ လေယာဉ်များသို့ ပြန်လည် ဖြန့်ကြက်သွားမည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် ကြေညာခဲ့သော ရုရှားတပ်ရုပ်သိမ်းမှုသတင်းများသည်  ယခုသီတင်းပတ်အတွင်း ဆက်တိုက်ထုတ် ပြန်ချက်များထဲက နောက်ဆုံးထုတ်ပြန်ချက်  ဖြစ်လာကာ ယူကရိန်းနှင့် စပ်လျဉ်း၍ ရုရှား နှင့် အနောက်နိုင်ငံများအကြား တင်းမာမှုများ လျှော့ချရေးအတွက်မျှော်လင့်ချက်ကို ကနဦး စေ့ဆော်ပေးခဲ့သည်။

ခရိုင်းမီးယားနှင့် ယူကရိန်းနယ်စပ်များ အနီးတွင် စစ်သားထောင်ပေါင်းများစွာ ပို့ဆောင်ထားသည့်အတွက် အနောက်နိုင်ငံများက ရုရှားကို စွပ်စွဲပြောဆိုခဲ့ကြပြီး ရုရှား၏ တိုက်ခိုက်မှု ဖြစ်လာတော့မည်ဟုလည်း သတိ ပေးခဲ့ကြသည်။

ယူကရိန်းမူလတန်းကျောင်းကို အ မြောက်ကျည်ဆံထိမှန်ခဲ့သဖြင့် ရုရှားက ယူကရိန်းကို ကြီးကြီးမားမားထိုးစစ်ဆင်တိုက်ခိုက်ရန် နီးစပ်နေပြီးဟု ဖေဖော်ဝါရီ ၁၇ ရက် တွင် အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့ကာ  တပ်များရုပ်နေပြီဟု ရုရှားက ပြောဆိုနေခြင်းအား ပယ်ချခဲ့သည်။

ရုရှားသည် လာမည့် ရက်များတွင် ၎င်း၏ အိမ်နီးချင်းကို ထိုးစစ်ပြုရန် အမိန့်ပေးနိုင်သည်ကို အမေရိကန်ထောက်လှမ်းရေးက   သိရှိထားသည်ဟု ကုလသမဂ္ဂတွင်ပြောကြားရန် စီစဉ်ထားခြင်းမရှိသော ထူးခြားမိန့်ခွန်း တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

တပ်များရုပ်သိမ်းနေသည်ဟု ရုရှားက ပြောဆိုနေခြင်းကို အထောက်အပံ့ပြုမည့် သက်သေမရှိဟု အမေရိကန်နှင့် အနောက် နိုင်ငံများက ပြောကြားလျက်ရှိပြီး ဘလင် ကလည်း ရုရှားအနေဖြင့် ယူကရိန်းကို ကျူး ကျော်မည်မဟုတ်ဆိုသည်ကို အကန့်အသတ်မရှိ၊ မရေမရာမဖြစ် အတိမ်းအစောင်းမရှိ ယနေ့ ထုတ်ပြန်ပေးရန် စိန်ခေါ်ခဲ့သည်။

“စစ်သားတွေ၊ တင့်ကားတွေ၊ လေယာဉ် တွေကို စစ်တန်းလျားတွေ၊ အလုံပိတ်ဂိုဒေါင် တွေထဲ ပြန်ပို့တာ၊ ခင်ဗျားတို့ရဲ့သံတမန်တွေ ကို ဆွေးနွေးတဲ့စားပွဲဝိုင်းဆီ စေလွှတ်တာတို့ ကို ထင်ထင်ရှားရှား သက်သေပြပါ”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ သည်။

ရုရှားသည် ယူကရိန်းကို ကျူးကျော်ရေး အတွက် မူမမှန်သော အကြောင်းပြချက်ပေးနေသည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း လွန်ခဲ့သော ရက်ပိုင်းတွင် ပြောကြား ခဲ့သည်။                                          

Most Read

Most Recent