နှစ်ရက်ကြာကျင်းပသွားမည့် ဂျီ ၂၀ နိုင်ငံများ၏ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ဖေဖော် ၀ါရီ ၁၇ ရက်တွင်စတင်ခဲ့ပြီး ယူကရိန်းအကျပ်အတည်းသည် ကပ်ရောဂါကာလအလွန် စီးပွားရေး နာလန်ပြန်ထူလာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေသည်ဟု အင်ဒိုနီးရှား သမ္မတက အဆိုပါအစည်းအဝေးတွင် သတိပေးခဲ့သည်။
အမေရိကန် ပြည်ထောင်စု၊ တရုတ်နှင့် ဥရောပနိုင်ငံအချို့ ပါဝင်သော ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ၂၀ ဖြင့် ဖွဲ့စည်း ထားသည့် ဂျီ ၂၀ အဖွဲ့ကြီး၏ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ကျင်း ပလျက်ရှိကာ လူကိုယ်တိုင်တက်ရောက်ခြင်း နှင့် အွန်လိုင်းမှတက်ရောက်သည့် နည်းလမ်း နှစ်သွယ်ဖြင့် ပေါင်းစပ်ကျင်းပနေခြင်းဖြစ် သည်။
ယူကရိန်း အကျပ်အတည်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထိခိုက်လာနိုင်သည့် အန္တရာယ်ရှိနေသည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အစည်းအဝေးအဖွင့်တွင် သတိပေးခဲ့သည်။
ယူကရိန်းနယ်စပ်တွင် ရုရှားတပ်ဖွဲ့ဝင် တစ်သိန်းကျော် ဖြန့်ကြက်ချထားခြင်းကြောင့် ကျူးကျော်စစ် ဖြစ်လာနိုင်သည့်အပေါ် စိုးရိမ် မှုများ မြင့်တက်လျက်ရှိကာ အမေရိကန် ပြည်ထောင်စုကလည်း ရုရှားအနေဖြင့် ယူကရိန်းကို အချိန်မရွေး ကျူးကျော်တိုက်ခိုက်နိုင်သည် ဟု သတိပေးထားသည်။
“အခုအချိန်ဟာ စီးပွားရေး နာလန်ပြန် ထူမှုကို ထိခိုက်ပျက်ပြားစေတဲ့ တင်းမာမှုတွေ ကို ထပ်မံဖန်တီးတာတွေ၊ အားပြိုင်မှုတွေ လုပ်ဆောင်ရမယ့် အချိန်မဟုတ်ပါဘူး။ ကမ္ဘာကြီး ရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း ထိခိုက်အောင် မလုပ်သင့်ပါဘူး”ဟု ဝီဒိုဒိုက ပြောကြားခဲ့ သည်။ သက်ဆိုင်သည့် နိုင်ငံအားလုံးအနေ ဖြင့် အားပြိုင်မှုနှင့် တင်းမာမှုများကိုရပ်တန့် ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဆိုဗီယက်ယူနီယံ လက်အောက်ခံ နိုင်ငံဟောင်း အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူးကျော်လာနိုင်သည့် အလားအလာသည် ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုး မြင့်တက်လာနေပြီး ကပ်ရောဂါ၏ သက်ရောက်မှုများမှ နာလန်ပြန်ထူနိုင်ရန် ရုန်းကန်နေရသည့် ကမ္ဘာကြီးအတွက် လောလောလတ်လတ် စိန် ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက် ၍ အနောက်နိုင်ငံများက ရုရှားအပေါ် ပြင်း ထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အစီအစဉ်တိုင်း ရှေ့ဆက်လုပ်ဆောင်သွားမည်ဆိုလျှင် ကမ္ဘာကြီးအတွက် နောက်ဆက်တွဲဆိုး ကျိုးများ ရှိလာနိုင်သည်ဟု အမေရိကန်ဘဏ္ဍာ ရေးဝန်ကြီး ဂျန်းနက်ယယ်လန်က သတိပေးခဲ့ သည်။ ဗဟိုဘဏ်များအနေဖြင့် အတိုးနှုန်းတိုး မြှင့်ခြင်းနှင့် ငွေကြေးမူဝါဒ တင်းကျပ်ခြင်းတို့ စတင်လုပ်ဆောင်လာခဲ့ပြီး ကပ်ရောဂါကာလ အတွင်းချမှတ်ခဲ့သည့် ဧရာမစီးပွားရေးကုစားမှု အစီအမံများကို ရုပ်သိမ်းနေချိန် ကမ္ဘာ တစ်ဝန်း ငွေကြေးဖောင်းပွမှုနှုန်း တစ်ဟုန်ထိုး မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ အဆိုပါအ စည်းအဝေးတွင် ဦးတည်ဆွေးနွေးသွားဖွယ် ရှိနေသည်။ ထို့အပြင် ဆင်းရဲသော နိုင်ငံများ အတွက် ေ<ကးမြီဆိုင်ရာ ချိန်ညှိဆောင်ရွက် ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့် ရှောက်မှုစနစ်များ ပြုပြင်ပြောင်းလဲရေးကဲ့သို့ အခြားကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေး နွေးသွားမည်ဖြစ်သည်။
Ref : AFP














