အမေရိကန်တွင် COVID-19 ကြောင့် သေဆုံးသူပေါင်း ၉၀၀,၀၀၀ ကျော်ရှိလာ

အမေရိကန်တွင် COVID-19 ကြောင့် သေဆုံးသူပေါင်း ၉၀၀,၀၀၀ ကျော်ရှိလာ
Published 5 February 2022

အမေရိကန်နိုင်ငံတွင် ဖေဖော်ဝါရီ ၄ ရက်က COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၉၀၀,၀၀၀ ကျော်ရှိလာ ခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိုရို နာဗိုင်းရပ်စ် ခြေရာခံကောက်ယူမှုစစ်တမ်း တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလလယ်ပိုင်းတွင် ဗိုင်းရပ်စ် ကြောင့်သေဆုံးသူပေါင်း ၈၀၀,၀၀၀ အထိ ရောက်ရှိခဲ့သည့်အတွက် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၀,၀၀၀ ပြည့်ရန်တစ်လခွဲသာ ကြာမြင့်သာခဲ့သည်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်နှင့် ဆက်နွှယ် သည့် ကူးစက်မှုအသစ်များ ကျဆင်းသွားခဲ့ သော်လည်း နေ့အလိုက် ဗိုင်းရပ်စ်ကြောင့်သေ ဆုံးသူဦးရေမှာ ဆက်လက်တိုးပွားနေပြီးလက် ရှိတွင် နေ့အလိုက် ဗိုင်းရပ်စ်ကြောင့် သေဆုံး သူပျမ်းမျှ ၂,၄၀၀ ခန့်ရှိသည်ဟုအစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက် သူအရေအတွက်မှာ ဆက်လက်မြင့်တက်နေ ပြီး နိုင်ငံရဲ့ အချို့နေရာတွေမှာ ကျွန်မတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်နိုင်စွမ်းနဲ့အ လုပ်တာဝန်တွေဟာ အကန့်အသတ်နဲ့ရှိနေ ပါတယ်”ဟု ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ညွှန်ကြားရေးမှူး ရို ရှယ်လာ ဝေါလန်စကီးက ပြောကြားခဲ့သည်။

လူနာများသည် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရ ပြီးနောက် သီတင်းပတ်အနည်းငယ်အတွင်း သေဆုံးလေ့ရှိကြသည်ဟု ဝေါလန်စကီးက ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာခြင်းထက် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းအဘယ် ကြောင့် မြင့်တက်လာရကြောင်းရှင်းလင်းပြော ကြားခဲ့သည်။

“လက်ရှိမှာတော့ ကျွန်တော်တို့နိုင်ငံဟာ ကပ်ရောဂါရဲ့ နောက်ထပ် ဆိုးရွားတဲ့ သမိုင်း မှတ်တိုင်တစ်ရပ်ကို ရောက်ရှိနေပါတယ်။အ မေရိကန်နိုင်ငံသား ၉၀၀,၀၀၀ ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်”ဟုသမ္မ တ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့  သေဆုံးသွားသူ တွေအတွက်ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ဆုတောင်းပေးနေပြီး  ဝမ်းနည်းနာကျင်မိပါ တယ်”ဟု ဘိုင်ဒင်က ဆိုသည်။

အမေရိကန်တွင် အလွန်ထိရောက်မှု အားကောင်းသည် COVID-19 ကာကွယ် ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ရရှိနေသော် လည်း နိုင်ငံ့လူဦးရေ၏ ၆၄ ရာခိုင်နှုန်းသာကာ ကွယ်ဆေးနှစ်လုံး အပြည့် ထိုးနှံပြီးစီးသည့်အ တွက် COVID-19 ကြောင့် အမေရိကန်နိုင် ငံသားအများအပြား ဆက်လက်သေဆုံးနေ ရခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ဘိုင်ဒင်က အမေရိ ကန်နိုင်ငံသားများအနေဖြင့် ကာကွယ်ဆေး ကို ထိုးနှံကြရန် ထပ်မံတိုက်တွန်းခဲ့သည်။

“ကာကွယ်ဆေးတွေနဲ့ ထပ်တိုးကာကွယ် ဆေးတွေဟာ အံ့မခန်းထိရောက်မှုရှိတယ်ဆို တာကို သက်သေပြထားပြီး ကာကွယ်နိုင်စွမ်း လည်း မြင့်မားပါတယ်”ဟု ဘိုင်ဒင်ကပြော ကြားခဲ့သည်။

အမေရိကန်သည် ဘရာဇီးနှင့် အိန္ဒိယ နိုင်ငံတို့ထက် COVID-19 ကြောင့်သေဆုံး သူ ပိုမိုများပြားခဲ့သည်ဟု အစိုးရ၏စစ်တမ်း တွင်ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်းက COVID-19 စတင်ပေါ်ပေါက်ချိန်ကတည်းကကမ္ဘာ တစ်ဝန်းတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ပေါင်း ၅.၇ သန်းထက်မနည်းရှိသည်ဟုအေ အက်ဖ်ပီသတင်းဌာန၏စစ်တမ်းတွင်ဖေဖော် ၀ါရီ ၄ ရက်က ဖော်ပြထားသည်။

Most Read

Most Recent