အာဖရိကတိုက်၏ ပထမဆုံး mRNA ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တောင်အာဖရိက အခြေစိုက် Afrigen ကုမ္ပဏီက ထုတ်လုပ်မည်

အာဖရိကတိုက်၏ ပထမဆုံး mRNA ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တောင်အာဖရိက အခြေစိုက် Afrigen ကုမ္ပဏီက ထုတ်လုပ်မည်
Afrigen ထုတ် mRNA  ကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ် သြဂုတ်လ အတွင်းက တွေ့ရစဉ် (Photo: AFP)
Afrigen ထုတ် mRNA  ကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ် သြဂုတ်လ အတွင်းက တွေ့ရစဉ် (Photo: AFP)
Published 4 February 2022

အာဖရိကတိုက်တွင်  ပထမဆုံး mRNA  ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မိမိတို့ ထုတ်လုပ်သွားမည်ဟု ဖေဖော်ဝါရီ ၃ ရက် တွင် တောင်အာဖရိကဇီဝနည်းပညာကုမ္ပဏီ က ထုတ်ဖော်ပြောကြားလိုက်ပြီး အဆိုပါ ကာ ကွယ်ဆေးကို Moderna ၏ နည်းပညာ အသုံးပြုကာ ထုတ်လုပ်သွားမည်ဖြစ်၍ နိုဝင်ဘာလ တွင် လက်တွေ့စမ်းသပ်မှုများပြုလုပ်ရန် အဆင်သင့်ဖြစ်နေလိမ့်မည်ဟုဆိုသည်။

ကိတ်တောင်းမြို့အခြေစိုက် Afrigen Biologics and Vaccines ကုမ္ပဏီသည် Afrigen ကာကွယ်ဆေးကို အခြေခံကာ ထုတ်လုပ်မည့် mRNA  ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ရှေ့ဆောင်စီမံကိန်းကို ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် Covax တို့က ထောက်ပံ့ပေးထားသည်ဟု ဆိုသည်။

“ဓာတ်ခွဲခန်းအခြေအနေအရ ကျွန်မတို့ မှာ ကာကွယ်ဆေးရှိနေပါတယ်။ အခု အဲ့ဒီ ကာကွယ်ဆေးကို ကျွန်မတို့ စမ်းသပ်ဖို့လိုအပ် နေပါတယ်” ဟု Afrigen ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ပတ်ထရိုတာဘလန်ချီက အေအက်ဖ်ပီ ကို ပြောကြားသည်။ ပထမဆုံးကာကွယ်ဆေးသည် ဇန်နဝါရီ ဒုတိယပတ်အတွင်း အဆင်သင့်ဖြစ်နေလိမ့်မည်ဟု ဆိုသည်။

တိရစ္ဆာန်များတွင် စမ်းသပ်မှုသည် ရှေ့လတွင် စတင်မည်ဖြစ်သော်လည်းလူတွင် စမ်းသပ်မှုများမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ဝန်းကျင်တွင်မှသာလျှင် စတင်လိမ့်မည်ဟု ၎င်းင်းက ပြောကြားသည်။

Afrigen သုတေသီများသည် Moderna က ၎င်း၏ ကာကွယ်ဆေးကို ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် မျိုးဗီဇကုတ်ကို အသုံးပြုပြီး DNA နှင့် RNA တို့ကို ဖန်တီး ခဲ့ကာ ကိုယ်ပိုင်ကာကွယ်ဆေးကို ဖန်တီးခဲ့ ခြင်းဖြစ်သည်။ Afrigen သည် အဆိုပါ မျိုး ဗီဇကုတ်ကို အများပြည်သူများ အသုံးပြုနိုင် ရေးအတွက် ထုတ်ပေးခဲ့သည်။

“ကျွန်မတို့ဟာ စတန်းဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်ပြီး Afrigen က သူ့ရဲ့တကယ် ကောင်းတဲ့ကာကွယ်ဆေးအတွက် အသုံးပြုခဲ့တဲ့ မျိုးဗီဇကိန်းစဉ်ကို ပထမဆုံးအသုံးပြုတာ ဖြစ်ပါတယ်။ ပြီးမှ ကာကွယ်ဆေးကို ပုံစံထုတ် ကာ ဓာတ်ခွဲခန်းစကေးနဲ့ ထုတ်တာဖြစ်ပါ တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။

Afrigen အနေဖြင့် အဆိုပါကာကွယ်ဆေးကို ပုံစံထုတ်သည့်အပိုင်းမှသည် အဆုံး သတ်ပုံသေနည်းထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်ပြီးစီးအောင်ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း အနည်းအကျဉ်းသာဖန်တီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သို့ရာတွင် တာထွက်ကောင်းခဲ့သည်ဟု စီမံခန့်ခွဲမှုဒါရိုက်တာပတ် ထရိုတာဘလန်ချီကပြောကြားသည်။

“ဝင်ငွေနည်းနိုင်ငံတွေနဲ့ ဝင်ငွေအလယ် အလတ်နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးကို အပြည့်အဝပေါင်းစပ်ထုတ်လုပ်တဲ့ ကဏ္ဍကို ဖန်တီးဖို့ ဆောင်ရွက်ရာမှာ ဒါဟာ အလွန် အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု ၎င်း က ပြောကြားသည်။

ကုလသမဂ္ဂကျောထောက်နောက်ခံပြု ကမ္ဘာလုံးဆိုင်ရာ ဆေးဝါများမူပိုင်ခွင့်အဖွဲ့ က Afrigen ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၄၅ သန်း( ယူရို ၃၉ သန်း) ထောက်ပံ့ပေးခဲ့ သည်ဟု ပတ် ထရိုတာဘလန်ချီကပြောကြား သည်။၎င်းင်းတို့၏ mRNA  ကာကွယ်ဆေးကို ပိုမိုနွေးသည့်အပူချိန်တွင် သိမ်းထားနိုင်မည် ဟု ဆိုသည်။                                  

Most Read

Most Recent