အစဉ်အလာမပျက်ရုံ အကျဉ်းချုံး ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်မည်

အစဉ်အလာမပျက်ရုံ အကျဉ်းချုံး ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်မည်
၂၀၁၉ ခုနှစ်က မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပခဲ့စဉ် ပွဲတော်တွင်း မြင်ကွင်းများ
၂၀၁၉ ခုနှစ်က မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပခဲ့စဉ် ပွဲတော်တွင်း မြင်ကွင်းများ
Published 3 February 2022
အောင်သူငြိမ်း

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲ တော်ကို အစဉ်အလာမပျက်ရုံ အကျဉ်းချုံး ကျင်းပရန် စီစဉ်ထားရှိပြီး ဖေဖော်ဝါရီ ၅ ရက် နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ် စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ် ဆန်း တစ်ရက်နေ့အထိ ကျင်းပလေ့ရှိကြောင်း ယခုနှစ် ပွဲတော်ဖွင့်ပွဲသည် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်မည်ဖြစ်ကြောင်း၊ ပွဲ တော်ဖွင့်ပွဲနေ့တွင် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာတို့ကို ဖွင့်လှစ်အပူဇော် ခံလေ့ရှိကြောင်း သိရသည်။

“ပွဲတော်အစဉ်အလာမပျက်ရုံအကျဉ်း ချုံး ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဘုရားဖူး လာသူတွေ အဆင်ပြေဖို့ တဲကျောင်းတချို့ တော့ တည်ဆောက်ထားပါတယ်။ စျေးဆိုင် တွေတော့ မပါတော့ပါဘူး” ဟု စကုမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ပုံမှန်ကျင်းပခဲ့စဉ်က နှစ်စဉ် တဲကျောင်းပေါင်း ၅၀၀ ကျော်နှင့် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်လေ့ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပွဲတော် ချိန်က COVID-19 ရောဂါ ကူးစက်ပြန့်ပွား မှုကြောင့် ပွဲတော် ကျင်းပလက်စကို ပိတ်ခဲ့ရကြောင်း သိရသည်။

 ၂၀၂၁ ခုနှစ်တွင်လည်း အဆိုပါ ရောဂါ အခြေအနေများကြောင့် ပွဲတော်ကို မကျင်းပနိုင်ခဲ့ဘဲ အစဉ်အလာမပျက်ရုံ စက်တော်ရာ များအား ဖွင့်လှစ်အပူဇော်ခံခဲ့ကြောင်း သိရှိရသည်။

ရွှေစက်တော်ဘုရား အထက်စက်တော်ရာသို့ တက်ရောက်ရန် ဓာတ်လှေကားကို နှစ်ကျိပ်ရှစ်ဆူဘုရားမှ ကိုးခန်းကြီးသို့ တပ်ဆင်တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

 

Most Read

Most Recent