မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် COVID-19 အစုလိုက်ဖြစ်ပွားကြောင်း သတင်းအရ စစ်ဆေးရာ လူဦးရေ ၂၂၀၀ ကျော်အနက် ရောဂါပိုးရှိသူ ၇၀၀ ကျော်တွေ့ရှိ

မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် COVID-19 အစုလိုက်ဖြစ်ပွားကြောင်း သတင်းအရ စစ်ဆေးရာ လူဦးရေ ၂၂၀၀ ကျော်အနက် ရောဂါပိုးရှိသူ ၇၀၀ ကျော်တွေ့ရှိ
Published 2 February 2022

မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် COVID-19 အစုလိုက်ဖြစ်ပွားနေကြောင်း သတင်းအရ စစ်ဆေးရာ လူဦးရေ ၂၂၀၀ ကျော်အနက် ရောဂါပိုးရှိသူ ၇၀၀ ကျော် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုတွင် COVID-19 ရောဂါ အစုလိုက်ဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာမှတစ်ဆင့် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ခုတွင် စစ်ဆေးသူ ၂၂၃၃ ဦးအနက် ၇၁၈ ဦးတွင် ပိုးတွေ့ရှိရသဖြင့် ကိုဗစ်စည်းကမ်းလိုက်နာပြီး ဂရုတစိုက်နေထိုင်ရန်လိုအပ်’ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းသို့ စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူများအနက် ရှစ်ဦးကို သတ်မှတ်ဆေးရုံတွင် ထားရှိပြီး ကျန်လူနာ ၇၁၀ အား သီးခြားခွဲခြားထားရှိပြီး ကုသမှုများဆောင်ရွက်လျက်ရှိရာ လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါစက်ရုံမှာ မင်္ဂလာဒုံမြို့နယ်ရှိ မှန်ဘီလူးများ ထုတ်လုပ်သည့်စက်ရုံတစ်ရုံဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

Most Read

Most Recent