ကမ္ဘာ့နိုင်ငံအများအပြားက COVID-19 ကာကွယ်ဆေး ထိုးနှံပြီးကြောင်းလက်မှတ် လိုအပ်ချက်များထုတ်ပြန်ခြင်း သို့မဟုတ် အ ချို့သောအလုပ်များတွင်ဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပြီးစီးရမည် ဖြစ်ကြောင်း ထုတ်ပြန်ခြင်း အစရှိသဖြင် ့ပြဋ္ဌာန်းထားသည်။သို့သော် နိုင်ငံအချို့မှာမူ ၎င်းတို့ နိုင်ငံသားအားလုံးအား မဖြစ်မနေကာကွယ်ဆေးထိုးနှံရမည့် စည်းမျဉ်းများ ထုတ် ပြန်ခဲ့သည်။
အီကွေဒေါနိုင်ငံတွင် ဒီဇင်ဘာလကအသက် ငါးနှစ်အထက် ကလေးများအပါအဝင် နိုင်ငံသားအားလုံး မဖြစ်မနေကာကွယ်ဆေးထိုးနှံရမည်ဟု ထုတ်ပြန်ခဲ့ပြီး အီကွေဒေါသည် ကမ္ဘာတစ်ဝန်းတွင် ယင်းစည်းမျဉ်းထုတ်ပြန်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။
ဗဟိုအာရှရှိ တာဂျစ်ကစ္စတန်နှင့်တာခ့်မင်နစ္စတန်နိုင်ငံတို့တွင် ဇူလိုင်လက အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူများကို မဖြစ်မနေ ကာကွယ်ဆေးထိုးနှံရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင်လည်း လွန်ခဲ့သည့် ဖေဖော်ဝါရီလကတည်းက ယင်းစည်းမျဉ်းကို သဘောတရားအရ ထုတ်ပြန်ထားခဲ့သော်လည်း လက်တွေ့မှာမူ ၂၀၂၂ ခုနှစ်အစပိုင်း မတိုင်မီအထိ လူဦးရေ၏ထက်ဝက်အောက် သာ ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့သည်။
မိုက်ခရိုနီးရှားနိုင်ငံတွင် ဇူလိုင်လကအသက် ၁၈ နှစ်အထက် အရွယ်များကိုကာကွယ် ဆေးထိုးနှံရမည်ဟု ကြေညာထားသည်။
သြစတြီးယားနိုင်ငံကမူ ဇန်နဝါရီ ၂၈ ရက်တွင် အသက်၁၄ နှစ်အထက်ပြည်သူများ အားလုံး ကာကွယ်ဆေးမဖြစ်မနေထိုးနှံရမည်ဟု ထုတ်ပြန်ခဲ့သည့် ပထမဆုံးဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ယင်းစည်းမျဉ်းချိုးဖောက်သူများအနေဖြင့် ယူရို၆၀၀(ဒေါ်လာ ၆၇၀) ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။
ဂျာမနီအစိုးရကလည်း ဝန်ကြီးချုပ်အို လက်ဖ်ရှရော့ဖ်က တွန်းအားပေးလုပ်ဆောင်နေသည့် မဖြစ်မနေကာကွယ်ဆေးထိုးနှံရမည့် ဥပဒေမူကြမ်းကို အချေအတင်ဆွေးနွေးနေ ကြသည်။
ဥရောပနိုင်ငံအများအပြားသည် ဗိုင်းရပ်စ်ကြောင့် ပြင်းထန်ဖျားနာမှုများဖြစ်စေနိုင်သည့် အသက်အရွယ်ကြီးသူများကိုကာကွယ် ဆေးထိုးနှံပေးနိုင်ရန် အာရုံစိုက်လုပ်ဆောင်နေသည်။
ထို့ပြင် အချို့အလုပ်များသည်လည်း ဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံပြီးကြောင်း လိုအပ်ချက်များ ပိုမိုတိုးမြင့်ထုတ်ပြန်ထားခဲ့သည်။ပြင်သစ်နိုင်ငံတွင် နေ့ကလေးထိန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ၊မီးသတ်သမားများ၊ဆေးရုံကား ယာဉ်မောင်းများ နှင့်အိမ်အကူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးစီးရန်လိုအပ်သည်။
ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြည်သူများအနေဖြင့် ခရီးသွားလာရန် သို့မဟုတ်အများပြည်သူပိုင်နေရာများသို့ ဝင်ရောက်ခွင့်ရ ရှိရန်အတွက် ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်များ ပြသရန်ထုတ်ပြန်ထားသည်။
ဆော်ဒီအာရေဗျနှင့် ကင်ညာကဲ့သို့နိုင်ငံများတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးများ အသုံးပြုသည့်အခါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ပြသရန်လိုအပ်သည်။
မော်ရိုကိုနှင့် အီတလီနိုင်ငံတို့တွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ရေကူးကန်များနှင့် အားကစားခန်းမများ သို့ဝင်ရောက်လိုလျှင်COVID-19 ကာကွယ် ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပြသရန်လို အပ်သည်ဟုထုတ်ပြန်ထားသည်။














