သူဌေးအကြိုက် လူသားဒိုင်း နှုတ်ဆက်ချိန်

သူဌေးအကြိုက် လူသားဒိုင်း နှုတ်ဆက်ချိန်
Photos: Getty Images
Photos: Getty Images
Published 12 January 2022
AK

မန်ချက်စတာယူနိုက်တက်ကနေ အက်ဝုဒ်ဝက်ဒ် ထွက်ခွာသွားတဲ့အပေါ်  Guardian က အမေရိကန်သူဌေးအကြိုက် လူသားဒိုင်း နှုတ်ဆက်ချိန်လို့ တံဆိပ်ကပ်တယ်။ တကယ်လည်း အက်ဝုဒ်ဝက်ဒ်ရဲ့ (၈)နှစ်ခွဲသက်တမ်းကိုပြန်ကြည့်ရင် အောင်မြင်မှုကြီးကြီးမားမား ပြစရာမရှိဘူး။ သူက မန်ချက်စတာယူနိုက်တက်ပရိသတ်အများစု စိတ်ထဲစွဲကျန်နေမယ့် အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်နေရာ အစားထိုးဝင်ရောက်ခဲ့တာပါ။ ဒေးဗစ်ဂီးလ်လက်ထက်မှာ မန်ချက်စတာယူနိုက်တက်ဟာ အောင်မြင်မှုများစွာ ပိုင်ဆိုင်ခဲ့ပြီး ကွင်းပြင်ပဂုဏ်သိက္ခာလည်း မြင့်မားခဲ့တယ်။ အက်ဝုဒ်ဝက်ဒ်လက်ထက်မှာ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့အသင်းဘဝကနေ အမှတ်ပေးဇယားအဆင့် (၇)နေရာရောက်တဲ့အထိ ကျဆင်းခဲ့တယ်။ ဆုဖလား(၃)လုံးပဲရရှိပြီး နည်းပြအပြောင်းအလဲ (၄)ဦးဖြစ်ခဲ့တယ်။ အက်ဝုဒ်ဝက်ဒ်ကိုယ်တိုင်လည်း အမှားများစွာ ကျူးလွန်ခဲ့တယ်ဆိုတာ သူ့ကိုယ်သူ သိပါလိမ့်မယ်။ သူ့အပြစ်တွေဟာ ထင်ထားတာထက် ပိုပြီးနက်နဲနေပါတယ်။

 

Most Read

Most Recent