မန်ယူနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဗီလာအသင်းအတွက် ကော်တင်ဟို ပွဲထွက်ကစားဖွယ်ရှိ

မန်ယူနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဗီလာအသင်းအတွက် ကော်တင်ဟို ပွဲထွက်ကစားဖွယ်ရှိ
Photo: Aston Villa fc Twitter
Photo: Aston Villa fc Twitter
Published 12 January 2022

 

ဘာစီလိုနာအသင်းမှ ဗီလာအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့လာသည့် ဘရာဇီးလ် ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို၏အပြောင်းအရွှေ့ကိစ္စများမှာ အပြီးသတ်ခဲ့ပြီဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဗီလာအသင်းအတွက် ပွဲဦးထွက်ဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ကော်တင်ဟို၏ Work Permit အတွက် စာရွက်စာတမ်းကိစ္စများမှာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်(ယနေ့)တွင် အသင်းအတွက် ပထမဆုံးလေ့ကျင့်ခန်းဆင်းမှုအဖြစ် အသင်းဖော်သစ်များနှင့် စတင်ပူးပေါင်းဖွယ်ရှိသည်ဟု Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။ 

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သူ  ကော်တင်ဟိုသည် ဗီလာအသင်းသို့ ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး အငှားသက်တမ်းပြည့်လျှင် ပေါင် ၃၃ သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့်ရှိသည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။ 

ဗီလာအသင်းအနေဖြင့် ကော်တင်ဟို၏လစာငွေကို လက်ရှိရရှိနေသည့်ပမာဏထဲမှ ၅၀ ရာခိုင် နှုန်းအောက်သာ ပေးချေရမည်ဖြစ်ပြီး ကျန်ငွေကို မိခင်ကလပ် ဘာစီလိုနာအသင်းက ဆက်လက်ပေးချေရမည်ဖြစ်သည်။

ကော်တင်ဟိုသည် လီဗာပူးလ်အသင်းတွင် လက်ရှိ ဗီလာအသင်းနည်းပြ ဂျရတ်နှင့် နှစ်နှစ်ခွဲကြာ အတူလက်တွဲကစားခဲ့ပြီး ပုံမှန်ပွဲကစားခွင့်အတွက် အင်္ဂလန်သို့ပြန်လာလိုသည့် သူ၏ဆန္ဒကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent