တွမ်မီနေးကို မန်ယူအသင်း၏အနာဂတ်အသင်းခေါင်းဆောင်ဟု နည်းပြ ရန်းနစ် သုံးသပ်

တွမ်မီနေးကို မန်ယူအသင်း၏အနာဂတ်အသင်းခေါင်းဆောင်ဟု နည်းပြ ရန်းနစ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 12 January 2022

 

ဇန်နဝါရီလ ၁၀ ရက်က ကစားခဲ့သော FAဖလားတတိယအဆင့်ပွဲစဉ်တွင် အက်စတွန်ဗီလာဘက်သို့ တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူပေးခဲ့သည့် ကွင်းလယ်လူ တွမ်မီနေးသည် အသင်း၏အနာဂတ်အသင်းခေါင်းဆောင်ဖြစ်လာနိုင်သူဟု နည်းပြ ရာ့ဖ်ရန်းနစ်က သုံးသပ်ခဲ့သည်။

စကော့တလန်လက်ရွေးစင်လည်းဖြစ် သူ တွမ်မီနေးသည် ပွဲအစ ရှစ်မိနစ်တွင် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး အသင်းအတွက် နောက်ဆုံးကစားသည့် သုံးပွဲတွင် သူ၏ ဒုတိယမြောက်သွင်းဂိုးလည်းဖြစ်သည်။ ယင်းပွဲတွင် မန်ယူအသင်းမှာ အနိုင်ရခဲ့သော်လည်း ဒုတိယပိုင်း၌ ဗီလာအသင်း၏ သွင်းဂိုးနှစ်ဂိုး ငြင်းပယ်ခံရခြင်းကြောင့် ကံကောင်းခဲ့ပြီး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ 

တွမ်မီနေး၏အ ခြေအနေနှင့်ပတ်သက်ပြီး BBC Sport က မေးမြန်းမှုကို ရန်းနစ်က "သူဟာ အကယ်ဒမီကပေါ်ထွက်လာတဲ့ ကောင်လေးတစ်ယောက်ပါ။ သူ့ရဲ့စွမ်းအင်ကတော့ အံ့အားသင့်စရာပါပဲ။ သူဟာ အခုလို ဂိုးသွင်းနိုင်သလို၊ ခေါင်းဆောင်တစ်ဦးလို စွမ်းရည်တချို့လည်း ပိုင်ဆိုင်ထားပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ သူဟာ ဒီအသင်းရဲ့အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ အံ့သြမိမှာမဟုတ်ပါဘူး" ဟု မှတ်ချက်ပြုခဲ့သည်။ 

ထို့ပြင် ဗီလာနှင့်ပွဲမှ ဂိုးသမား ဒီဟေးယား၏လက်စွမ်းပြကာကွယ်မှုအချို့ကိုလည်း ရန်းနစ်က ချီးကျူး မှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent