ယုံကြည်မှုဖြစ်စေမလား၊ ထွက်ပေါက်ဖြစ်စေမလား

ယုံကြည်မှုဖြစ်စေမလား၊ ထွက်ပေါက်ဖြစ်စေမလား
Photos: AFP
Photos: AFP
Published 12 January 2022
Phoe Thar

"စပိန်စူပါဖလားပြိုင်ပွဲဟာ အရေးပါတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး၊ ဒီရာသီကျွန်တော်တို့အသင်း အောင်မြင်မှုတွေရဖို့အတွက် ပထမဆုံးကြုံတွေ့တဲ့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့အသင်းဟာ ဒီပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ" လို့ ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ၂၀၂၁- ၂၂ ရာသီ စပိန်စူပါဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်စတဲ့ ပြိုင်ပွဲကြီး (၃)ခုရဲ့ ချန်ပီယံလမ်းကြောင်းမှာရှိနေတဲ့အသင်းပါ။ ဒီအတွက်လည်း အန်ဆယ်လော့တီ အနေနဲ့ ရာသီကုန်ဆုဖလားအောင်ပွဲတွေရဖို့အတွက် အနီးစပ်ဆုံးယှဉ်ပြိုင်ရမယ့် စပိန်စူပါဖလား ပြိုင်ပွဲမှာ ချန်ပီယံအောင်ပွဲရယူပြီး ယုံကြည်မှုတည်ဆောက်ဖို့မျှော်လင့်ထားပုံလည်းရတယ်။ စပိန်စူပါဖလားဟာ တန်ဖိုးအရကြီးကျယ်ခမ်းနားတဲ့ ဆုဖလားအောင်ပွဲမဟုတ်ပေမယ့် ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခြင်းဟာ ကစားသမားတွေအတွက်အနည်းနဲ့အများ ယုံကြည်မှုပိုသွားစေမှာတော့အသေအချာပါပဲ။

 

Most Read

Most Recent