![Photo: Getty Images](https://news-eleven.com/sites/news-eleven.com/files/styles/news_detail_image/public/news-images/0_gettyimages-1288455726.jpg?itok=r69lg-Ka)
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဒဏ်ရာရကစားသမား (၁၀၀)ကျော်ရှိခဲ့ပြီး နောက်ဆုံး(၅)နှစ်အတွင်း စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရသည်။
နောက်ဆုံး(၅)ရာသီ၌ ဒီဇင်ဘာလ ဒဏ်ရာရရှိမှုမှာ တစ်ရာသီလျှင် အများ ဆုံး(၇၆)ဦးနှုန်းထားသာရှိခဲ့သော်လည်း ယခုနှစ် ဒီဇင်ဘာတွင် (၁၁၁)ဦးအထိ ရှိခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဒဏ်ရာရရှိမှု မြင့်တက်ခဲ့ရခြင်းမှာ ကိုဗစ်၏ ရိုက်ခတ်မှုကြောင့်ဟုလည်း ဆေးပညာရှင်အချို့က သုံးသပ်ခဲ့သည်။ ထို့ပြင် လူစားလဲခွင့်ပြု သည့်အရေအတွက်ကို ပိုတိုးပေးသင့်သည်ဟုလည်း အဆိုပါဆေးပညာရှင်များက အကြံပြုခဲ့သည်။