■ ကစားသမား(၁၃)ဦးရှိလျှင် စီးရီးအေပွဲများ ယှဉ်ပြိုင်ရမည်

■ ကစားသမား(၁၃)ဦးရှိလျှင် စီးရီးအေပွဲများ ယှဉ်ပြိုင်ရမည်
Photo: Serie A
Photo: Serie A
Published 7 January 2022

စီးရီးအေအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ပွဲရွှေ့ဆိုင်းရမှုများ ရှိလာသည့် အတွက် ကစားသမား(၁၃)ဦးရှိလျှင် ယှဉ်ပြိုင် ကစားရမည်ဟု ပြိုင်ပွဲဝင်အသင်းများအား အသိပေးလိုက်ကြောင်း သိရသည်။ 

ဂိုးသမားတစ်ဦးအပါအဝင် စုစုပေါင်းကစားသမား(၁၃)ဦး ပွဲကစားနိုင်သည့် ကြံ့ခိုင်မှုရှိပါက ပွဲရွှေ့ဆိုင်းရန် ခွင့်မပြုဘဲ ယှဉ်ပြိုင်ကစားရမည်ဟု ပြဌာန်းလိုက်ခြင်းလည်းဖြစ်သည်။ 

ထို့ပြင် ယင်းကဲ့သို့ ကစားသမား(၁၃)ဦးရှိနေလျက်နှင့် ယှဉ်ပြိုင်ကစားခြင်းမရှိပါက ပြိုင်ဘက်အသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ပေးရမည်ဟု သိရသည်။ 

လက်ရှိအချိန်၌ စီးရီးအေကစားသမား(၉၀)ခန့် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သိရသည်။

Most Read

Most Recent