၂၀၄၀ ပြည့်နှစ်၌ ပျမ်းမျှလူ့သက်တမ်း သတ်မှတ်ချက်တွင် စပိန်က ဂျပန်ကို ကျော်တက်ပြီး နံပါတ် ၁ နေရာ၌ ရပ်တည်မည်

၂၀၄၀ ပြည့်နှစ်၌ ပျမ်းမျှလူ့သက်တမ်း သတ်မှတ်ချက်တွင် စပိန်က ဂျပန်ကို ကျော်တက်ပြီး နံပါတ် ၁ နေရာ၌ ရပ်တည်မည်
၂၀၁၄ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် တရုတ်နိုင်ငံ ဟီနန်ပြည်နယ်၌ နံနက်အစောပိုင်းတွင် အမျိုးသမီးတစ်စုက လေ့ကျင့်ခန်း ပြုလုပ်နေကြစဉ် (Photo : AFP)
၂၀၁၄ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် တရုတ်နိုင်ငံ ဟီနန်ပြည်နယ်၌ နံနက်အစောပိုင်းတွင် အမျိုးသမီးတစ်စုက လေ့ကျင့်ခန်း ပြုလုပ်နေကြစဉ် (Photo : AFP)
Published 21 October 2018

၂၀၄၀ ပြည့်နှစ်တွင် ပျမ်းမျှလူ့သက်တမ်းသည် နိုင်ငံအားလုံးတွင် အနည်းငယ်စီ မြင့်တက်လာမည် ဖြစ်သော်လည်း အဆင့်သတ်မှတ်ချက်တွင် သိသာထင်ရှားစွာ ပြောင်းလဲသွားမည်ဖြစ်ပြီး စပိန်က နံပါတ် ၁ နေရာ၌ ရပ်တည်မည်ဖြစ်ကြောင်း သုတေသန ပညာရှင်များက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယခင် အဆင့်သတ်မှတ်ချက်တွင် နံပါတ် လေးနေရာ၌ ဖော်ပြခံ ခဲ့ရသည့် စပိန်နိုင်ငံက ၂၀၄၀ ပြည့် နှစ်တွင် ပျမ်းမျှသက်တမ်း ၈၅.၈ နှစ် ခန့်ဖြင့် ဂျပန်ကို ကျော်တက်မည်ဖြစ် သည်။ ယနေ့ခေတ်တွင်  ပျမ်းမျှသက် တမ်း  ၈၃.၇ နှစ်ဖြင့် ကမ္ဘာ့သက်တမ်း အရှည်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေ သည့် ဂျပန်နိုင်ငံက ၂၀၄၀ ပြည့်နှစ် တွင် ပျမ်းမျှ ၈၅ .၇ နှစ်ဖြင့် ဒုတိယနေ ရာသို့ ကျဆင်းသွားမည်ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့သည် ပျမ်းမျှသက်တမ်း အဆင့်သတ်မှတ်ချက်တွင် ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြောင်းလဲသွားမည်ဖြစ်သည်။ လက် ရှိတွင် အဆင့် ၄၃ နေရာ၌ ရှိနေ သည့် အမေရိကန်သည် ပျမ်းမျှသက် တမ်း ၇၉.၈ နှစ်ဖြင့် အဆင့် ၆၄ သို့ ကျဆင်းသွားမည်ဖြစ်သော် လည်း တရုတ်နိုင်ငံက လက်ရှိအဆင့်  ၆၈ ရှိရာမှ ၂၀၄၀ ပြည့်နှစ်တွင် ပျမ်းမျှ သက်တမ်း ၈၁.၉ နှစ်ဖြင့် အဆင့် ၄၃ နေရာသို့ ရောက်ရှိလာမည်ဖြစ် သည်။

ကနေဒါ၊ နော်ဝေ၊ သြစတြေးလျနှင့် နယ်သာလန်အပါအဝင် ဝင် ငွေမြင့်မားသည့် နိုင်ငံများတွင် ပျမ်း မျှသက်တမ်းအဆင့်သတ်မှတ်ချက် များ ကျဆင်းသွားမည်ကို သုတေ သနပညာရှင်များက လေ့လာတွေ့ ရှိခဲ့သည်။ အင်ဒိုနီးရှား၊ နိုင်ဂျီးရီး ယား၊ ပေါ်တူဂီ၊ ပိုလန်၊ တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ၂၀၄၀ ပြည့်နှစ်$ အဆင့်သတ်မှတ်ချက် တိုးတက်လာမည်ဖြစ်သည်။

မဆုံးနိုင်သောစစ်ပွဲ နောင်တွင် အဆုံးသတ်မည်ဟုယူဆရသောဆီး ရီးယားနိုင်ငံသည် ၂၀၁၆ ခုနှစ်၌ ပျမ်းမျှသက်တမ်းအဆင့် သတ်မှတ်ချက်တွင် အဆင့် ၁၃၇ နေရာ၌ ဖော်ပြခံခဲ့ရာမှ ၂၀၄၀ ပြည့်နှစ်တွင် အဆင့်  ၈၀ နေရာ၌ ရပ်တည်နိုင်မည် ဖြစ်သည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပျမ်းမျှသက်တမ်းသည် ၂၀၁၆ ခုနှစ်တွင် ၇၃.၈ နှစ်ရှိရာမှ ၂၀၄၀ ပြည့်နှစ်တွင် ၇၇.၇  နှစ်အထိ ငါးနှစ်ခန့် မြင့်တက်လာမည်ဟု သုတေသန ပညာရှင်များက ခန့်မှန်းခဲ့သည်။

“အနာဂတ်ကမ္ဘာရဲ့ ကျန်းမာရေးက ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ တိုးတက်လာမလား (ဒါမှမဟုတ်) တိုးတက်မှု ဆိတ်သုဉ်းသွားမလား ဆိုတာကို ကျန်းမာရေး ဦးတည်တဲ့ ကောင်းမွန်တဲ့ (သို့မဟုတ်) ဆိုးရွားတဲ့ ကျန်းမာရေးစနစ်ကို အခြေခံပြီး ခန့်မှန်းနိုင်တယ်” ဟု ယင်းလေ့လာမှုကို ဦးဆောင်သည့် ၀ါရှင်တန်တက္ကသိုလ်ရှိ Institute for Health Metrics and Evaluation (IHME) ၏ သိပ္ပံအချက်အလက်ခေါင်းဆောင် ကယ်လီဖိုးမန်းက ပြောကြားခဲ့သည်။

မျက်မှောက်ကာလမှ ဆယ်စုနှစ်နှစ်ခု၏ ပျမ်းမျှသက်တမ်းအတွက် ထိပ်တန်းမောင်းနှင်အားကျသော (သို့မဟုတ်) အဆုံးအဖြတ်ပေးသောအရာ ငါးခုသည် လူနေမှုပုံစံ ရောဂါများဟု ခေါ်ဆိုသည့် သွေးတိုးရောဂါ၊ အဝလွန်ခြင်း၊ သွေးတွင်း သကြားဓာတ်များခြင်းအပြင် အယ်လ် ကိုဟောနှင့် ဆေးရွက်ကြီးအသုံးပြုမှု များနှင့် ဆက်စပ်နေသည်။ ဆေး ရွက်ကြီး အသုံးပြုမှုတစ်ခုတည်း ကြောင့် နှစ်စဉ် လူခုနစ်သန်းခန့် သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၆ ခုနှစ်တွင် အချိန်မတိုင်မီ သေဆုံးမှု ထိပ်တန်း ၁၀ ခုအနက် လေးခုသည် ကူးစက်ပျံ့နှံ့ ခြင်း မရှိသည့်ရောဂါများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများကြောင့် ဖြစ်သည်။

၂၀၄၀ ပြည့်နှစ် ပျမ်းမျှသက်တမ်း အဆင့်သတ်မှတ်ချက်၌ စပိန်နှင့် ဂျပန်ပြီးလျှင် စင်ကာပူ၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ အီတလီ၊ အစ္စရေး၊ ပြင်သစ်၊ သြစတြေးလျနှင့် လူဇင်ဘာ့ဂ်နိုင်ငံတို့က ထိပ်တန်း ၁၀ စာရင်း၌ အစဉ်လိုက် ရပ်တည်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၌ ဆင်းရဲမှုရှည်ကြာနေဦးမည်ဟု The Lancet ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာမှုအရ သိရသည်။ မမျှတမှုများသည်လည်း ဆက်လက်ကြီးထွား လာဦးမည်ဟု IHME မှ ညွှန်ကြားရေးမှူး ခရစ္စတိုဖာမာရေးက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်၊ ဆာဟာရ အောက်ပိုင်းနိုင်ငံများနှင့် ပစိဖိတ်ရှိ ကျွန်းနိုင်ငံငယ်များသည် ၂၀၄၀ ပြည့်နှစ် ပျမ်းမျှသက်တမ်းအဆင့် သတ်မှတ်ချက် အောက်ဆုံးအဆင့် ၃၀ တွင် ပါဝင်ခဲ့သည်။  

Ref : AFP

Most Read

Most Recent