နာပိုလီအသင်းပရိသတ်များသည် အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်ကို အမျက်ဒေါသထွက်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် နာပိုလီအသင်း ပရိသတ်အချစ်တော်ကစားသမား အင်ဆစ်ဂ်ညာသည် မေဂျာလိဂ်ကလပ် တိုရွန်တိုအသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်နေပြီး အဆိုပါကိစ္စအတွက် ဒီလော်ရန်းတစ်ကို နာပိုလီအသင်းပရိသတ်များ ဒေါသထွက်နေခြင်းဖြစ်သည်။
နာပိုလီအသင်းသည် ဥက္ကဋ္ဌ ဒီလော်ရန်းတစ်၏ လောဘကြောင့် ဟီဂွါအင်အပါအဝင် ကြယ်ပွင့်ကစားသမားများစွာ ဆုံးရှုံးခဲ့ရပြီး ယခုအခါ အင်ဆစ်ဂ်ညာကို ထပ်မံဆုံးရှုံးရတော့မည်ဖြစ်သည်။